Tuesday, April 8, 2014

မဟာသိဒ္ဓိစေတီတော် န၀မအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲ ကျင်းပ


မြိတ်မြို့ မဟာသိဒ္ဓိစေတီတော်မြတ်ကြီး၏ န၀မအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနား ကို ဧပြီလ(၇)ရက် နံနက်(၉)နာရီက အဆိုပါစေတီတော် လှိုဏ်ဂူအတွင်း တွင်ကျင်းပရာ ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေး၊ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသူများက နမောတဿ(၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ဧည့်ပရိတ်သတ် အပေါင်းတို့က အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သုဒဿနာဘိဝံသ ဗိုလ်တောင်  ပရိ ယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာ တော်များ ထံမှ ပရိတ်တရားတော်များ နာယူကြသည်။

ဆက်လက်၍ တိုင်းမှူးနှင့် အလှူရှင်များက ဆရာတော် သံဃာတော် အရှင်သူမြတ် များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ဗိုလ်တောင်ပရိ ယတ္တိစာသင်တိုက် ပဓာနနာယက ဆရာ တော်ထံမှ အနုမောဒနာတရားများနာယူကြပြီးရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု(၃) ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။ အခမ်းအနားအပြီးတွင် ဆရာတော် သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး ဧည့်ပရိတ်သတ် အပေါင်းတို့ အား နေ့လည်စာဖြင့် တည် ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။

0 comments: