Sunday, April 6, 2014

မြန်မာ့နှစ်သစ်ကူး အကြို မြိတ်အကျဉ်းထောင် ထောင်ရှေ့အ၀င် ကတ္တရာလမ်းမကြီး ဖွင့်ပွဲ အခမ်းအနား ပြုလုပ်



ရှမ်းချောင်း ဗလပ်စုံ ကျောင်းဆရာတော် အရှင်သုန္ဒရ နှင့် မြိတ်အကျဉ်းထောင် တာဝန်ခံ ထောင်မှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးညွှန့်ဝင်း မိသားစုတို့မှ ကမကထပြု မတည်၍ မြို့မိမြို့ဖများ၊ စေတနာရှင် အလှူရှင်များ မြိတ်အကျဉ်းထောင်ရှိ ၀န်ထမ်းမိသားစုများ ၊ အကျဉ်းသား အကျဉ်းသူ အချုပ်သား အချုပ်သူများ စုပေါင်း အကုန်ကျခံ၍ ဆောင်ရွက်ခဲ့သည့် မြိတ်အကျဉ်းထောင်ရှေ့ အ၀င် ကတ္တရာ လမ်းမကြီး ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ဧပြီလ (၆)ရက် နံနက် (၈)နာရီ အချိန်တွင် ကျင်းပပြုလုပ်သည်။ 



အခမ်းအနားတွင် မြိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး က ကျေးဇူးတင် စကား ပြောကြားပြီးနောက် လမ်းဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌမှ ကတ္တရာ လမ်း ပြုလုပ်မှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထိုနောက် ခရိုင်အုပ်ချုပ်ရေးမှူး  ဦးလွင်ကိုဦးနှင့် မြိတ်အကျဉ်းထောင် တာဝန်ခံ ထောင်မှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းတို့က ကတ္တရာ လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။ 

 
အဆိုပါ ကတ္တရာလမ်းမှာ အကျယ် (၁၁)ပေ၊ အရှည် (၆၃၀)ပေ ရှိပြီး စုစုပေါင်း ငွေကျပ် (၄၆)သိန်းကျော် အကုန်အကျခံ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။


0 comments: