Saturday, April 5, 2014

ကျောင်းသားတပ်မတော် (၂၅)နှစ်မြောက် ငွေရတု အထိမ်းအမှတ် အခမ်းအနား မြိတ်မြို့၌ ကျင်းပမည်

မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တပ်ဦး ကျောင်းသား တပ်မတော် ဖွဲ့စည်း တည်ထောင်ခြင်း (၂၅)နှစ်မြောက် ငွေရတု အထိမ်းအမှတ် အခမ်းအနားအား မြိတ်မြို့ ကလွင်ကျေးရွာ အုပ်စု တောရအောက်ကျောင်း၌ မနက်ဖြန် ဧပြီလ (၆)ရက်နေ့ (တနင်္ဂနွေနေ့) နံနက် (၈)နာရီ အချိန်မှ စတင်ပြီး ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။



 ထို အခမ်းအနားတွင် ကျဆုံးသွားသော ရဲဘော်များအား ရည်စူးပြီး ဆွမ်းကျွေး တရားတော်နာ ရေစက်ချ အမျှဝေခြင်းနှင့် ဒီမိုကရေစီ သူရဲကောင်း ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခြင်း ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

အလားတူ အခမ်းအနားအား မြိတ်ခရိုင် ပုလောမြို့ အမှတ်(၂) ရပ်ကွက် ၊ ခရေပင်လမ်းရှိ လယ်ဝိုင်းကျောင်းတိုက်၌ ၂၀၁၄ ခုနှစ် ဧပြီလ (၃) ရက်နေ့ နံနက် (၉)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပထမပိုင်းတွင် သံဃာတော် အရှင်သူများထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး လှူဖွယ်ပစ္စည်းများ ကပ်လှူကာ ရေစက်သွန်းချ အမျှပေး ဝေခဲ့သည်။ ဒုတိယပိုင်း အခမ်းအနားတွင် ဒီမိုကရေစီ အရေးတော်ပုံ၌ ကျဆုံးသွားသည့် ရဲဘော် (၄၂) ဦး အတွက် ဒီမိုကရေစီ သူရဲကောင်း ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ် ဂုဏ်ပြုခဲ့ကြောင်း သတင်း ရရှိသည်။

0 comments: