Tuesday, April 8, 2014

မြိတ်မြို့တွင် ကုန်သွယ်ရေးမှုဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး

မြိတ်မြို့တွင် ကုန်သွယ်ရေးဆိုင်ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးပွဲကို ဧပြီလ(၆) ရက် နေ့လယ်(၂)နာရီက မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံးတွင် ကျင်းပရာ တနင်္သာရီ တိုင်းဒေသကြီး စီးပွားရေးနှင့်စီမံကိန်းဝန်ကြီး၊ ဌာနဆိုင်ရာများ၊ ခရိုင်ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ၊ ဆန်ကုန်သည်၊ စားသုံးဆီလုပ်ငန်းရှင်များ၊ ကွမ်းသီး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ဆန်ကုန်သည်၊ စားသုံးဆီလုပ်ငန်းရှင်များ၊ ကွမ်းသီးလုပ်ငန်းရှင်များက ကုန်သွယ်ရေးလုပ်ငန်း များ ဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြကြသည်။ ဆွေးနွေး ချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး စီးပွားရေး နှင့်စီမံကိန်းဝန်ကြီး ဦးသိန်းလွင်က ကုန်သွယ်ခွန်များနှင့် ၀င်ငွေခွန်များ မှန်ကန်မှုရှိရေး၊ စားသုံးသူ အာမခံချက်ရှိ ရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်မှုရှိရေး အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

မြိတ် ပြန်ဆက်

0 comments: