Thursday, April 17, 2014

မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ မြိတ်မြို့၌ ကျင်းပ



၁၃၇၅ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန် ပွဲတော်၌ မြိတ်မြို့တွင် ကုသိုလ်ကောင်းမှုပြုသူများ နှင့် ရေကစားသူ များဖြင့် အေးချမ်း ပျော်ရွင်စွာဖြင့် နှစ်သစ်ကိုကြိုဆိုခဲ့ကြပြီးနောက် မြန်မာတို့၏ နှစ်ဟောင်းကုန်၍ နှစ်သစ်ကူး သည့် မြန်မာ့နှစ်ဆန်း တစ်ရက်နေ့ အချိန် အခါ တွင် မြိတ်မြို့ စေတီပုထိုးများ၌ ကုသိုလ်ကောင်းမှု များ ပြုလုပ် ဆောင်ရွက်လျက် ရှိသူများနှင့် စည်ကားလျက် ရှိသည်။ 





ထို့အပြင် မြန်မာ့ နှစ်ဆန်း တစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲ ကို မြိတ်မြို့ ဆိပ်ငယ် ဗောတံတား၌ ဧပြီလ (၁၇) ရက်နေ့ နံနက် (၈)နာရီ အချိန်၌ ကျင်းပပြုလုပ်ရာ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေး ဇနီးဒေါ်ဝင်းဝင်းမြင့်၊ တပ်မတော် အရာရှိကြီးများ၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊  မြို့မိမြို့ဖများ၊ ပြည်သူများက ရေငန်ငါး သားပေါက်များ ၊ ဂဏန်းများ ၊ ပုစွန်များ အား ပင်လယ်ပြင်ထဲသို့ ဘေးမဲ့လွတ်ပြီး ကုသိုလ်ယူခဲ့ကြသည်။ 


ထိုနောက် သက်ကြီးပူဇော်ပွဲ အခမ်းအနားအား မြိတ်မြို့ ပုလဲရတနာ ခန်းမ၌ ဆက်လက် ကျင်းပပြုလုပ်ရာ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေး ဇနီးဒေါ်ဝင်းဝင်းမြင့်၊ တပ်မတော် အရာရှိကြီးများ၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊  ပြည်သူများ တက်ရောက်ခဲ့ကြသည်။ 

သက်ကြီးပူဇော်ပွဲ အခမ်းအနားတွင် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း တင်ပြပြီးနောက် ဘိုးဘွားများအား ကန်တော့ချိုးဖြင့် ရှိခိုးပူဇော် ကန်တော့ ကြသည်။ ထိုနောက် ဘိုးဘွားများ ကိုယ်စား အဘိုး တစ်ဦးက ဆုံးမသြ၀ါဒ စကားနှင့် နှစ်သစ် ဆုတောင်း စကား ပြောကြားခဲ့သည်။ ထိုနောက် တိုင်းမှူးနှင့် ဇနီး၊ တပ်မတော် အရာရှိကြီးများ ၊ ဌာနဆိုင်ရာများ၊ ပြည်သူများက အခမ်းအနား တက်ရောက်လာသည့် အဘိုး/ အဘွား စုစုပေါင်း (၄၉) ဦးအား အလှူငွေများနှင့် အသုံးအဆောင် ပစ္စည်းများ လှူဒါန်း ပေးအပ်ကြသည်။ 

မြိတ်မြို့တွင် ပြုလုပ်သည့် သက်ကြီးပူဇော်ပွဲ၌ မြိတ်မြို့ ဘိုးဘွားရိပ်သာနှင့် မြိတ်မြို့ပေါ်ရှိ အသက် (၉၀)နှစ် အထက် ဘိုးဘွား စုစုပေါင်း (၃၀၀) ဦးအား လှူဒါန်း ပူဇော်မည် ဖြစ်သည်။ သက်ကြီပူဇော်ပွဲ မပြုလုပ်မီ မြိတ်မြို့ ပုလဲရတနာ ခန်းမ၌ ဘိုးဘွားများအား အာဟာရ ကျွေးမွေးခြင်း ပြုလုပ်ခဲ့ပြီးနောက် မြိတ်မြို့ ပြည်သူ့ ဆေးရုံကြီးနှင့်   အမှတ် (၅/၁၀၀) တပ်မတော် စစ်ဆေးရုံမှ အထူးကု ဆရာဝန်ကြီးများနှင့် ဆရာဝန်များက ဘိုးဘွား များအား ကျန်းမာရေး စစ်ဆေးခြင်း၊   ဆေးကုသခြင်း များ ပြုလုပ်ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိ ပါသည်။

0 comments: