Saturday, April 12, 2014

မြိတ်မြို့နယ်အတွင်းရှိ ပရိယတ္တိကျောင်းပေါင်းစုံအား ဆွမ်းဆန်လောင်းလှူပွဲ ကျင်းပ



မြိတ်မြို့ ကန်ကြီးရပ်ကွက်မှ စေတနာရှင်များ ဦးဆောင်မှုဖြင့် အလှူရှင်များ စုပေါင်း၍ မြိတ်မြို့နယ် အတွင်းရှိ ပရိယတ္တိ ကျောင်းပေါင်းစုံမှ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန် လောင်းလှူပွဲကို ယနေ့ ဧပြီလ (၁၂) ရက်နေ့ ညနေ (၃)နာရီခွဲအချိန်တွင် ကန်ကြီး ရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့သည်။ 




ထိုဆွမ်းဆန်လောင်းလှူပွဲတွင် မြိတ်မြို့နယ် အတွင်းရှိ ပရိယတ္တိ စာပေ သင်ကြားပေးသော ဘုန်းတော်ကြီး ကျောင်းတိုက် နှင့် သီလရှင် ကျောင်းတိုက် စုစုပေါင်း (၃၇)ကျောင်းမှ သံဃာတော် (၄၅၀)ပါး၊ သီလရှင် (၅၀) ပါး အား စေတနာရှင် အလှူရှင်များမှ ဆွမ်းဆန်များနှင့် လှူဖွယ် ၀တ္ထု ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

0 comments: