Sunday, April 13, 2014

မြိတ်ခရိုင် မဟာသင်္ကြန် ဗဟိုမဏ္ဍာပ် ဖွင့်ပွဲ ကျင်းပ

တနင်္သာရီတိုင်း မြိတ်မြို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် ဗဟိုမဏ္ဍာပ် ဖွင့်ပွဲ အခမ်းအနားကို မြိတ်မြို့ ကန်ဖျားရပ်ကွက် ကန်ဖျား လမ်းမကြီးပေါ်ရှိ ၄င်းမဏ္ဍပ်တည်နေရာတွင် ၂၀၁၄ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့ ညနေ (၅)နာရီအချိန်၌ ကျင်းပပြုလုပ်ရာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်နှင့် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ ယိမ်းအဖွဲ့ဝင်များ ၊ ပြည်သူလူထုများ တက်ရောက်သည်။


အခမ်းအနားတွင် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက နှစ်သစ်ကူး အကြို နုတ်ခွန်းဆက် စကား ပြောကြားသည်။ ထိုနောက် မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်က ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီးနောက် တစ်ပြိုင်နက် ယိမ်းအက အဖွဲ့များက မန်းတောင်ရိပ်ခို သီချင်းဖြင့် မြိတ်မြို့ မဟာသင်္ကြန် ပွဲတော်အား စတင်ဖွင့်လှစ်ခဲ့သည်။


ဆက်လက်ပြီး မြူမှောင်ဝေကင်း သီချင်းဖြင့် ယိမ်းအဖွဲ့ဝင်များက ကပြဖျော်ဖြေ နေစဉ် အချိန်၌ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲ များက တက်ရောက်အားပေးနေသည့် ဌာနဆိုင်ရာများ၊ ယိမ်းအက အဖွဲ့ဝင်များ၊ ပြည်သူလူထု များအား နှစ်သစ် အတာရေ ပက်ဖြန်းခဲ့သည်။


ထိုနောက် အောင်စေပိုင်စေ သီချင်း သီဆို၍ ဗဟိုမဏ္ဍာပ် ဖွင့်ပွဲ အခမ်းအနား ရုပ်သိမ်းခဲ့ပြီးနောက် တေးသံရှင်များက တေးသီချင်းများ ၊ ယိမ်းအက အဖွဲ့ဝင်များက အကအလှ
များဖြင့် ဖျော်ဖြေခဲ့ကာ ညပိုင်း၌ သင်္ကြန်ယိမ်းအက ပြိုင်ပွဲ ပြုလုပ်လျက် ရှိကြောင်း
သတင်းရရှိပါသည်။








0 comments: