Tuesday, April 8, 2014

မြိတ်မြို့တွင် သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ စံကျောင်းဆရာတော်အား ဂုဏပူဇာ မင်္ဂလာ ကျင်းပ

မြိတ်မြို့ စံကျောင်းတွင် သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ စံကျောင်းဆရာတော် ဘဒ္ဒန္တ ဥာဏ၀ံသ အား ဂုဏပူဇာ မင်္ဂလာအခမ်းအနားကို ဧပြီလ(၆)ရက် နံနက်(၁၀)နာရီက အဆိုပါကျောင်းတိုက်တွင် ကျင်းပရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေး၊ မြိတ်ခရိုင်အု ပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ဌာနဆိုင်ရာများ၊ တပည့်တကာ၊ တကာမများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။



ရှေးဦးစွာ တက်ရောက်လာကြသူများက အခမ်းအနားကို နမောတဿ(၃) ကြိမ်ရွတ် ဆိုဘုရားကန်တော့ ၍ ဖွင့်လှစ်ခဲ့ကြပြီး သဒ္ဓမ္မဇောတိကဓဇ စံကျောင်းဆရာတော် ဘဒ္ဒန္တ ဥာဏ၀ံသထံမှ သူတော်ကောင်းအပေါင်း တို့က ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး သြ၀ါဒကထာများ နာယူမှတ်သားကြသည်။ ယင်းနောက် တပည့် တကာ တကာမများက ဆရာတော်၏ ထေရုပတ္တိ၊ ရတုပိုက်စုံ၊ ရှစ်လုံးဘွဲ့ကဗျာ၊ ဂုဏထောမနာ ရှစ်ဆယ်ပေါ် တေးထပ် တို့ဖြင့် သီကျူးပူဇော်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းမှူးက ဆရာတော်ဘုရားအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး တပည့် တကာ တကာမများ၏ န၀ကမ္မ အလှူတော်ငွေများကို ဆရာတော်၏ ကပ္ပိယထံ ပေးအပ် လှူဒါန်းခဲ့ကြသည်။ ထို နောက် ဆရာတော် ဘုရားထံမှ အနုမောဒနာတရားများ နာယူကြ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံ တိဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

မြိတ်ပြန်ဆက်

0 comments: