Monday, April 28, 2014

မြိတ်မြို့တွင် Home Service စနစ်ဖြင့် နိုင်ငံကူးလက်မှတ်များ ကွင်းဆင်းဆောင်ရွက်

မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး အဖွဲ့ရုံးခွဲ (ထားဝယ်)မှ မြိတ်မြို့နေ ပြည်သူများ ၏နိုင်ငံကူး လက်မှတ်များ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေး အတွက် Home Service စနစ်ဖြင့် ဧပြီလ(၂၇)ရက် နံနက်(၉)နာရီမှစတင်၍ မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက် ရုံးတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။



ထိုသို့ ကွင်းဆင်း ဆောင်ရွက်ရာတွင် ပြည်သူ များအား နိုင်ငံကူး လက်မှတ်များ ထုတ်ပေးနိုင်ရေး အတွက် နိုင်ငံကူးလက်မှတ် ဆောင်ရွက်လိုသူ၏ အိမ်ထောင်စုနှင့်နိုင်ငံသား စိစစ်ရေး ကတ်ပြား တိုက်ဆိုင် စိစစ်၍ ကိုယ် ရေး အချက်အလက်များကို ပုံစံတွင် ရေးသား ဖြည့်စွက်ခြင်း၊ လက်ပွေရာနှင့် ရေးထိုးမြဲ လက်မှတ်တို့ကို ခေတ်မီ ဒီဂျစ်တယ် နည်းစနစ်ဖြင့် ဆောင်ရွက်ခြင်း၊ နိုင်ငံကူး လက်မှတ် ဆောင်ရွက်ပြီး သူများ၏ သက်တမ်း တိုးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများမှ စိတ်အေးချမ်းသာစွာ လာရောက် ဆောင်ရွက်လျက်ရှိကြသည်။

မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အဖွဲ့ရုံးခွဲ (ထားဝယ်)မှ မြိတ်မြို့ရှိပြည်သူ များ၏နိုင်ငံကူး လက်မှတ် များ ဧပြီလ(၂၈)ရက် နံနက်(၁၀)နာရီအထိ နိုင်ငံကူး လက်မှတ် ဆောင်ရွက် သူများနှင့် နိုင်ငံကူး လက်မှတ်ဆောင် ရွက်ပြီး သူများ၏ သက်တမ်းတိုးခြင်း ဆောင်ရွက်ခဲ့ ရာ ပြည်သူ (၁၅၀)ဦးအား ကွင်းဆင်းဆောင်ရွက် ပေးနိုင်ခဲ့ ကြောင်း သတင်းရရှိသည်။

မြိတ်ပြန်ဆက်

0 comments: