Wednesday, April 30, 2014

News of Myeik တွင် ဖော်ပြထားသည့် အမှိုက်ကား ရှယ်ယာ ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းခြင်း

မြိတ်မြို့ အလယ်ကျွန်းရပ်ကွက် သန့်ရှင်းသာယာလှပရေးအတွက်  ရပ်မိရပ်ဖနှင့် ရပ်ကွက် ပြည်သူများ ပူးပေါင်း၍ အစုရှယ်ယာများ ထည့်ဝင်ကာ အမှိုက်ကား ထိန်းသိမ်းရေး ကော်မတီ တစ်ရပ်ကို စနစ်တကျ ဖွဲ့စည်းပြီး လစဉ် စာရင်းရှင်းတမ်း ရငွေ / သုံးငွေ ကို လစဉ် ပုံမှန် ကြေညာပေးခြင်း၊ အစုရှယ်ယာ ထည့်ဝင် သူများကို ရှယ်ယာ ခွဲဝေ ပေးခြင်း လုပ်ငန်း များကို ဆောင်ရွက်ပေးလျက် ရှိပါသည်။




သို့ဖြစ်ပါ၍ News of Myeik တွင် ဖော်ပြထားသည့် `` ဦးဝင်းခိုင် မိသားစု အား အလှူထည့်ပေးခြင်း မဟုတ်´´ ဟု ရေးသားခြင်းနှင့် ပတ်သက်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းခိုင်မှာ အမှိုက်သယ် ယာဉ်နှင့် ပတ်သက်၍ ငွေရေး ကြေးရေး ကိစ္စများ လုံးဝ ကိုင်တွယ် ဆောင်ရွက်ခြင်း မရှိပါ။ အလယ်ကျွန်း ရပ်ကွက် ရပ်မိရပ်ဖ အဖွဲ့မှ တာဝန်ယူ ဆောင်ရွက်ပေးနေခြင်းသာ ဖြစ်ပါသည်။

အထက်ဖော်ပြပါ အကြောင်းအရာနှင့် ပတ်သက်၍ News of Myeik သတင်း Page အနေဖြင့် ပွင့်လင်း မြင်သာစွာဖြင့် အမှန်တရားများကိုသာ ရေးသား ဖော်ပြပေးနိုင်ရန် အကြံပြုပါသည်။

ရပ်မိရပ်ဖများနှင့်
အလယ်ကျွန်း ရပ်ကွက်သူ/ရပ်ကွက်သားများ

0 comments: