Friday, April 25, 2014

တနင်္သာရီမြို့နယ် ကျောက်တလုံးကျေးရွာအုပ်စု၌ လေပြင်းတိုက်၍ နေအိမ်(၆)လုံး ပြိုလဲ

၂၀၁၄ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကျောက်တလုံး ကျေးရွာအုပ်စု ကျောက်တလုံး ကျေးရွာနှင့် မြေမအုံကျေးရွာများတွင် နေအိမ် (၆)လုံး ပြိုလဲ ပျက်စီးသွားကြောင်း သိရှိရသည်။ 


ပြိုလဲသွားသည့် နေအိမ်များမှာ ခြေတံရှည် ဓနိမိုး၊ ယိုင်ကာ ၊ ပျဉ်ခင်း သစ်သားအိမ်များ ဖြစ်ပြီး ကျောက်တလုံးရွာတွင် နေအိမ်လေးလုံး၊ မြေမအုံကျေးရွာတွင် နေအိမ် (၂)လုံး စုစုပေါင်း (၆)လုံး ပျက်စီးခဲ့ပြီး အိမ်ထောင်စု (၆)စု၊ လူဦးရေ စုစုပေါင်း (၃၇)ဦး အိုးအိမ်မဲ့ ဖြစ်ခဲ့သည်။
အဆိုပါ နေအိမ်ပျက်စီးသူများအား ကျေး၇ွာ အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများမှ ယာယီ နေထိုင်နိုင်ရေး ကူညီ ဆောင်ရွက်ပေးထားကြောင်း သတင်းရရှိသည်။

0 comments: