Wednesday, April 30, 2014

ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ဖယ်ဒရယ် ပြည်ထောင်စု အကြောင်း စုဝေး ဟောပြောပွဲ မြိတ်မြို့၌ ပြုလုပ်မည်

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) မြိတ်မြို့နယ်ပါတီရုံးမှ ဦးဆောင်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ဖယ်ဒရယ် ပြည်ထောင်စု အကြောင်း စုဝေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခွင့်အား ၂၀၁၄ ခုနှစ်၊ မေလ (၂) ရက်နေ့ ၊ နံနက်(၉)နာရီမှ (၁၁) နာရီ အထိ အင်အား (၂၀၀) ဦးဖြင့် မြိတ်မြို့ ပုလဲရတနာ ခန်းမ အရှေ့၌ ဆောင်ရွက်ရန် သက်ဆိုင်ရာ က ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) တနင်္သာရီတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးမြင့်လွင် ၊ တနင်္သာရီ တိုင်းဒေသကြီး စည်းရုံးရေးမှူး ဦးသန်းထွန်း၊ မြိတ်မြို့နယ်ဥက္ကဋ္ဌ ဦးဝင်းကြည်နှင့် မဂျူလိုင်ချောတို့မှ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ဖယ်ဒရယ် ပြည်ထောင်စုနှင့် ပတ်သက် သည်များ ကို ဟောပြော သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

0 comments: