Monday, April 21, 2014

မြိတ်မြို့ အောင်မင်္ဂလာရပ် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ကျောင်းဆောင်သစ် ဖွင့်လှစ်



မြိတ်တောင်ကျေးရွာ အတွင်းရှိ ကလေးငယ်များ လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ မြိတ်တောင် ကျေးရွာသူ/ သားများမှ ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်း ဖွင့်လှစ်၍ မူကြိုအရွယ် ကလေးငယ် များအား ပြုစု ပျိုးထောင်ကာ မူလတန်းကြို ပညာသင် ကြားရေး အဆင်ပြေ ချောမွေ့စေရေး အတွက် တည်ဆောက် ခဲ့သော အောင်မင်္ဂလာရပ် ကိုယ့်အား ကိုယ်ကိုး မူလတန်း ကြိုကျောင်း ကျောင်းဆောင် သစ် ဖွင့်ပွဲ အခမ်းအနားကို ဧပြီလ(၂၁)ရက် နံနက် (၇း၃၀)နာရီက အဆိုပါ ကျောင်းဆောင် သစ်တွင် ကျင်းပသည်။




ရှေးဦးစွာ ကျောင်းဆောင်သစ်အား မြိတ်မြို့နယ် အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်နှင့် ဦးတင်ရှန်၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် ကျောင်းပတ်ဝန်းကျင်တွင် အရိပ်ရ သစ်ပင်နှင့် ပန်းအလှပင်များကို တာဝန်ရှိ သူများက အမှတ်တရ စိုက်ပျိုးပေးကြပြီး မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကားပြောကြားသည်။

ဆက်လက်၍ မူလတန်းကြိုကျောင်း ကော်မတီဝင် ဦးတင်လတ်မှ ကိုယ့်အား ကိုယ်ကိုး မူတန်းကြိုကျောင်း ဖြစ်ပေါ်လာပုံကို ရှင်းလင်း တင်ပြပြီး ကျောင်းဆောက်လုပ်ရေး ကော်မတီမှ မူကြိုကျောင်း ကော်မတီသို့ ကျောင်း ဆောင်သစ်အား လွဲပြောင်းပေးအပ်သည်။ ထိုနောက် မူလတန်းကြို ကျောင်းသား/ သူလေးများက အနုပညာစွမ်း ရည်ဖြင့် ဖျော်ဖြေ တင်ဆက် ခဲ့ကြပြီး ကျောင်းဆောက်လုပ်ရာတွင် ပါဝင်လှူဒါန်းခဲ့ကြသော အလှူရှင်များအား တာဝန်ရှိ သူများက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ မြိတ်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်း မှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

အဆိုပါ ကိုယ့်အား ကိုယ်ကိုး မူတန်းကြို ကျောင်းကို မြိတ်တောင် ကျေးရွာသူ/ သားများမှ (--၂၀၀၉) ရက်နေ့တွင် ကျောင်းသား/သူ(၃၃)ဦင်္းဖြင့် အဆောင်ငှားရမ်း ဖွင့်လှစ်ခဲ့ကြ၍ ()နှစ်တာ ကာလ အတွင်း မူလတန်းကြို ကျောင်းသား/သူ(၁၂၅)ဦးကို ပြုစုပျိုးထောင်ပေးနိုင် ခဲ့သည်။ (--၂၀၁၂) ရက်နေ့တွင် မူကြို အရွယ်ကလေး ငယ်များအား ပြုစုပျိုးထောင်ကာ မူလတန်းကြို ပညာ သင်ကြားရေး အဆင်ပြေ ချောမွေ့စေရေး အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျောင်းကော်မတီမှ ကြိုးစားအားထုတ်မှု စေတနာရှင် အလှူရှင်များ၏ လှူဒါန်းပေးမှုကြောင့် အလျား(၆၅)ပေ အနံ(၅၀)ပေ ရှိ RC တစ်ထပ် ကျောင်းဆောင်ကို ငွေကျပ်(၃၅၀)သိန်း အကုန်ကျခံ၍ တည် ဆောက်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ကျောင်းဆောင်သစ် တည်ဆောက်ရန် မတည် လှူဒါန်းပေးခဲ့ကြသော အလှူရှင် ဦးထွန်းဝင်း (မြိတ်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး)+ ဒေါ်ရီရီစန်း မိသားစုမှ (၁၈၀)သိန်း၊ World Vision Myanmar မှ (၈၆) သိန်း၊ ရပ်ကွက်သူ/ သားများနှင့် စေတနာရှင်များက (၈၄)သိန်း စုစုပေါင်း(၃၅၀) သိန်းဖြင့် ကျောင်းဆောင် သစ် တည်ဆောက်နိုင်ခဲ့ သဖြင့် မြိတ်တောင်ကျေးရွာ သူ/ သားများမှ မိမိတို့၏ ရင်သွေးလေးများကို အေးချမ်း ပျော်ရွင်စွာဖြင့် မူလတန်းကြို ပညာ များ ကို ကျေးရွာ အတွင်းတွင် သင်ကြား နိုင်တော့မည်ဖြစ်၍ ကျေးဇူးတင် ၀မ်းသာပီတိ ဖြစ်လျက်ရှိကြောင်း သတင်း ရရှိသည်။

မြိတ် ပြန်ဆက်

0 comments: