Sunday, April 27, 2014

မြိတ်- ဘန်ကောက် လေယာဉ် တိုက်ရိုက် ပြေးဆွဲမည်



တနင်္သာရီတိုင်း - မြိတ်မြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ တိုက်ရိုက် သွားရောက် နိုင်မည့်  လေယာဉ် ခရီးစဉ် အား (--၂၀၁၄) ရက်နေ့မှ စတင်ပြီး ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်အား Myanmar Union Epxress Charter Airline မှ အထူး အစီအစဉ် အနေဖြင့် အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့တိုင်း ခရီးသည် (၁၆၈) ဦးလိုက်ပါ နိုင်သော ဘိုးရင်း (၇၃၇) လေယာဉ်ဖြင့် ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရှိရပြီး လေယာဉ်  လက်မှတ်မှာ အသွား/ အပြန် အမေရိကန် ဒေါ်လာ (၁၄၀) ကျသင့်မည် ဖြစ်ကြောင်း သိရသည်။




မြိတ်မှ ဘန်ကောက်မြို့သို့ အပန်းဖြေ ခရီး၊ ဈေးဝယ်ခရီး ကျန်းမာရေး ဆေးကုသမှု ခရီးစဉ်  သွားရောက် လိုသူများ အတွက် နိုင်ငံကူး လက်မှတ်၊ ပြည်ဝင်ခွင့် ဗီဇာများကို  အဆိုပါ ကုမ္ပဏီမှပင် တာဝန်ယူပြီး မြိတ်မြို့၌ ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း  သတင်းရရှိသည်။

0 comments: