မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Friday, November 30, 2012

လပြည့်နေ့တိုင်း သံဃိက ဒါန အရုဏ်ဆွမ်း လောင်းလှူပွဲ နိုးဆော်စာ

၁၃၇၄ ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့ မှ စတင်ပြီး လစဉ် လပြည့်နေ့တိုင်း သံဃိက ဒါနအဖြစ် မြိတ်မြို့ ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော် အရှင်သူမြတ် အပါး  (၁၃၀) ခန့် တို့အား အရုဏ်ဆွမ်း လောင်းလှူပွဲ ပြုလုပ်သွားမည် ဖြစ်ပါသဖြင့် ဗုဒ္ဓဘာသာဝင်  သူတော်စင် အပေါင်းတို့ကလည်း အရုဏ်ဆွမ်း လောင်းလှူ ပူဇော်ပွဲတွင် တစ်ဦးချင်း ဖြစ်စေ အဖွဲ့လိုက် ဖြစ်စေ ၊ အောက်ပါအတိုင်း စုပေါင်း လာရောက် လှူဒါန်း နိုင်ကြောင်း နိုးဆော်အပ်သည်။ အရုဏ်ဆွမ်း တစ်နပ်   ...

Thursday, November 29, 2012

ကမ်းရိုးတန်း ဒေသ တိုင်းစစ်ဌာနချုပ် ရှင်ဥပဂုတ္ထ မထေရ်မြတ် ပူဇော်ပွဲ ပြုလုပ်

ကမ်းရိုးတန်း ဒေသ တိုင်း စစ်ဌာချုပ်  (မြိတ်တပ်နယ်) ၏ ဒုတိယ အကြိမ်မြောက် ရှင်ဥပဂုတ္တ မထေရ်မြတ်  ဖောင်တော် ရေချ ပူဇော်ပွဲ ကို ၂၉-၁၁-၂၀၁၂ရက်နေ့ နံနက် (၁၁) နာရီတွင် မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် ပြည်တော်သာ ရေဆိပ်ကျောက်တံတားမှ တဆင့် ကပ္ပလီ ပင်လယ်ပြင်သို့ သွားရောက်ပြီးနောက် ဖော်တော်အား ရေချပူဇော်သည်။  အဆိုပါ ရှင်ဥပဂုတ္ထ မထေရ်မြတ် ဖောင်တော် ရေချ ပူဇော်ပွဲသို့ ကမ်းရိုးတန်းဒေသ  တိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်ဌေး နှင့် ဦးစီးအရာရှိများ...

Wednesday, November 28, 2012

မြိတ်မြို့တွင် ဆရာမ ဟန်ဆောင်ပြီး ပြည်တန်ဆာ လုပ်စားသူ အမျိုးသမီး တစ်ဦးကြောင့် ဆရာမများ ဂုဏ်သိက္ခာ ထိခိုက်နေရ

မြိတ်မြို့ .................... ရပ်ကွက်တွင် နေထိုင်သော မယွန်းယမင်း ဆိုသူသည် ရပ်ကွက်ထဲ၊ ၄င်း ကျင်လည်ရာ လုပ်ငန်းထဲတွင် မြိတ်မြို့ အထက (၁)မှ အင်္ဂလိပ်စာပြ ဆရာမ ဟု ပြောဆိုရာ အဖြူ အစိမ်း ယူနီဖောင်းကို စတိုင်ကျအောင် ၀တ်ဆင်ပြီး ဆွဲခြင်း ဆွဲ၍ ၀ါးလတ် ၊ ၀ါးတန်း စက်လှေထဲ ဆင်းကာ ပြည်တန်ဆာ လုပ်ငန်း ပြုလုပ်ခြင်း၊ အော်ဒါ လိုက်ခြင်းများ ဆောင်ရွက်နေမှု ကြောင့် မော်တော်ဆိုင်ကယ် တက္ကစီ ဂိတ်များတွင်  ဆရာမများ ယူနီဖောင်း ၀တ်ပြီး မကောင်းတာ လုပ်စားသည်ဟု သတင်းပျံ့နှံ့ နေမှု အပေါ် ဆရာမ အသိုင်းအ၀ိုင်းတွင် အထူးသဖြင့် အထက(၁) မြိတ်မှ ဆရာမများ ဂုဏ်သိက္ခာ ထိခိုက်ရကြောင်း သိရှိရပါသည်။...

မြိတ် တက္ကသိုလ်အနီး မီးလောင်မှု ဖြစ်ပွား

၂၀၁၂ နိုဝင်ဘာလ (၂၈) ရက်နေ့ နံနက် (၁၀၃၀) ခန့်အချိန်တွင် မြိတ်မြိှု့ကလွင်ကျေးရွာ အုပ်စု အပိုင် ပုလဲဒီပါ ရပ်ကွက် ဗန္ဓုလလမ်း လမ်းသွယ် (၂) ရှိ အမည် သတ်မှတ်ထားခြင်း မရှိသော ဘော်ဒါဆောင်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ  မြိတ်မြို့နယ် မီးသတ်ဦးစီးဌာန မီးသတ်ယာဉ်များနှင့် မြို့ပေါ် ရပ်ကွက်များ ရှိ ကိုယ့်အား ကိုယ်ကိုး မီးသတ်ယာဉ်များ ၊ ပြည်သူလူထုများ  ၀ိုင်းဝန်း ငြိမ်းသတ်မှုကြောင့် (၁၀၄၅) မိနစ် အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်ကျွမ်းမှုမှာ...

Tuesday, November 27, 2012

ကော့သောင်း ကျောက်မီးသွေး စက်ရုံ ထောက်ခံပွဲ ဒုတိယ အကြိမ် ထပ်မံ ပြုလုပ်

သန်းဖြိုးသူ ကုမ္ပဏီမှ ကော့သောင်းမြို့ ရွှေပြည်သာ ရပ်ကွက်တွင် တည်ဆောက် ထားသည့်  ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားပေး စက်ရုံအား ထောက်ခံသည့် အနေဖြင့် ငြိမ်းချမ်းစွာ  စီတန်း လှည့်လည် ပွဲအား ကော့သောင်းမြို့တွင် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက  အင်အား (၂၅၀) ဦးခန့်ဖြင့် ဒုတိယ အကြိမ် ထပ်မံ ပြုလုပ်သည်။  အဆိုပါ ထောက်ခံ စီတန်း လှည့်လည်ပွဲသို့ ကော့သောင်းမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်  ပါတီဝင်များ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး...

အထက(၂)မြိတ်မှ ကျောင်းသားများ အုပ်စုလိုက် ကျောင်းပြေး၍ ကျောင်းအုပ်ကြီးမှ ခံဝန် လက်မှတ် ထိုးခိုင်ရာ ကျောင်းသားများမှ မကျေနပ်၍ ၈၈ အဖွဲ့ထံ တိုင်ကြား

၂၀၁၂ နိုဝင်ဘာလ (၂၂) ရက်နေ့ ကြာသပတေးနေ့ နံနက် (၁၀၃၀) ချိန်ခန့်တွင် မြိတ်မြို့ အထက(၂)မှ အထက်တန်း ကျောင်းသား ၃၀ ဦးခန့်သည်  ကျောင်းချိန် အတွင်း ကျောင်းတက်ခြင်း မရှိပဲ မြိတ်မြို့သို့  ရောက်ရှိလာမည့် ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်နှင့်  အဖွဲ့အား သွားရောက် ကြိုဆိုကြကြောင်း၊ ထိုသို့ သွားရောက် ကြိုဆိုရာတွင် မော်တော် ဆိုင်ကယ်များဖြင့် တစ်စီးလျှင် (၃) ယောက် စီးနင်းကာ ဆိုင်ကယ်စီး ဦးထုပ်များ ဆောင်းထားခြင်း မရှိပဲ မြို့ပတ်ပြီး သွားလာ...

Monday, November 26, 2012

နှစ်ကျိပ်ရှစ်ဆူ ရုပ်ပွားတော်မြတ်များ မြိတ်မြို့တွင်း သို့ ဒေသစာရီ ကြွချီ အပူဇော်ခံ မြိတ်မြို့လုံးကျွတ် ဖူးမြော် ကြည်ညို

မြိတ်မြို့ ဗုဒ္ဓဘာသာ အသင်းကြီးမှ ကြီးမှူး ကျင်းပသော (၈၅) ကြိမ် မြောက် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဒ ပူဇနိယ ပွဲတော်ကြီးတွင် မြိတ်မြို့ ဘုရားငါးဆူကွင်းရှိ ယာယီ စံကျောင်းတွေတွင် ကိန်းဝပ်  အပူဇော် ခံတော်မူနေသည့် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဒ ရုပ်ပွားတော်မြတ်များသည် (၂၅-၁၁-၂၀၁၂)  ရက်နေ့ ညနေ (၆) နာရီခန့်တွင် ယာယီ စံကျောင်းတော်မှ မြိတ်မြို့တွင်း သို့ ဒေသစာရီ  လှည့်လည် အပူဇော်ခံ ကြွချီ လာရာ မြိတ်မြို့နှင့် ၀န်းကျင်ဒေသများမှ ဗုဒ္ဓဘာသာဝင်များသည် မြို့လုံးပြည့်မျှ...

မကြောက်တရားက သမ္မတ သုံးဆက် ဖြုတ်ချနိုင်ခဲ့ကြောင်း ကိုမင်းကိုနိုင် ပြောကြား

ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်း ခရီးစဉ် အဖြစ် မြိတ်မြို့ သို့ ရောက်ရှိနေသော (၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ဦးဆောင်သော အဖွဲ့သည် တတိယနေ့ အဖြစ် မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကံမော် ကျေးရွာ နှင် စခန်းသစ် ကျေးရွာများသို့ (၂၄-၁၁-၂၀၁၂) ရက်နေ့တွင် သွားရောက် ပြီးနောက် နေ့လည်ပိုင်း၌ ကံမော်ကျေးရွာတွင် ပြည်သူလူထု (၅၀၀) ဦး ခန့်ဖြင့်လည်း ကောင်း ၊ ည (၇း၃၀) နာရီတွင် စခန်းသစ်ကျေးရွာ ဓမ္မာရုံ ပြည်သူ အင်အား (၅၀၀)...

Sunday, November 25, 2012

မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကထိန် အလှူတော် ပြုလုပ်

မြိတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၏ ဒုတိယ အကြိမ်မြောက် ကထိန်အလှူတော် မင်္ဂလာ ကို (၂၅-၁၁-၂၀၁၂) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် မြိတ်မြို့ မြိတ်တောင် ရပ်ကွက် နတ်မော် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ပြုလုပ်ကျင်းပသော စုပေါင်း မဟာ ဘုံကထိန် အခမ်းအနားတွင် ငွေကျပ် (၃)သိန်းခန့် တန်ဖိုးရှိ ပဒေသာပင်များ ပို့ဆောင်လှူဒါန်း ခဲ့သည်။ နတ်မော် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း စုပေါင်း မဟာ ဘုံကထိန်ကို ...

(၈၈) မျိုးဆက် ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အဖွဲ့ အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း၌ နေ့ဆွမ်း ဆက်ကပ်ပြီး ပြည်သူနှင့် တွေ့ဆုံ

ဓာတ်ပုံ - news of myeik မြိတ်မြို့သို့ ရောက်ရှိနေသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ဦးဆောင်သော အဖွဲ့သည် ယနေ့ (၂၅-၁၁-၂၀၁၂) ရက်နေ့ နံနက် (၁၀၃၀) ချိန်ခန့်တွင် မြိတ်မြို့ မြိတ်တောင် ကျေးရွာအုပ်စု ရှိ အောင်မင်္ဂလာ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း၌ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကာ နေ့လည်စာ သုံးဆောင် ပြီးနောက် ပြည်သူ လူထုနှင့် တွေ့ဆုံပွဲကို အဆိုပါ ကျောင်းတွင် ပြုလုပ်ရာ အင်အား (၅၀၀) ဦးခန့် တက်ရောက်ခဲ့သည်။  ပြည်သူ လူထုနှင့် တွေ့ဆုံပွဲတွင်...

ကျွန်းစုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးအား တိုင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီး အဖြစ် ခန်အပ် တာဝန်ပေး

ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး၏ အမိန့် အမှတ် (၃၉/ ၂၀၁၂)  ဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကျွန်းစုမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးအား တနင်္သာရီတိုင်း ဒေသကြီး ဘဏ္ဍာရေးနှင် အခွန် ၀န်ကြီး ဌာန ၀န်ကြီး အဖြစ် ခန့်အပ် တာဝန် ပေးအပ်လိုက်ကြောင်း (၂၃-၁၁-၂၀၁၂) ရက်နေ့ တွင် ထုတ်ပြန်လိုက်သည်။  ...

မြိတ်မြို့ ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ ၊ ပြည်သူလူထုများ ဒုတိယအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် စည်းကားစွာ ပြုလုပ် ကျင်းပ

မြိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီး၍ မြိတ်မြို့ ပေါ်ရှိ ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများ ၊ လုပ်ငန်းရှင်များ ပြည်သူလူထုများ စုပေါင်း၍ ဒုတိယ အကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် လှည့်လည်ပွဲအား (၂၃-၁၁-၂၀၁၂) ရက်နေ့ နေ့လည်ပိုင်းတွင် မြိတ်မြို့ပေါ် ရှိ ရပ်ကွက် များသို့ မော်တော်ယာဉ်ဖြင့် ပဒေသာပင်များ တင်ဆောင်ပြီး တပျော် တစ်ပါး လှည့်လည် ကြသည်။ (၂၄)ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် မြိတ်မြို့ လေးကျွန်းဆီမီး စေတီတော်ကြီးရှိ ဓမ္မဗိမာန်တွင်...

Friday, November 23, 2012

(၈၈)ခေါင်းဆောင်များအား ပလကျေးရွာမှ ကြိုဆို

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အဖွဲ့သည် မြိတ်မြို့ မှ တဆင့် ပုလောမြို့သို့ သွားရောက်ရာ ညနေ (၃း၄၅) ချိန်ခန့်တွင် ပုလောမြို့နယ် ပလ ကျေးရွာသို့ ရောက်ရှိပြီး ပလကျေးရွာ ဈေးလမ်း ဆုံတွင် လာရောက်ကြိုဆိုသူများအား လမ်းလျှောက် နုတ်ဆက်ရာတွင် မစန်းနွယ်စိုးနှင့် မလန်းလန်း တို့ (၂) ဦးမှ ပန်းစည်းဆက် ကြိုဆို နုတ်ဆက်ကြပါသည်။ ပလ ကျေးရွာတွင် ကိုမင်းကိုနိုင်တို့ (၂) ဦးအား (၈၈) မျိုးဆက် ကျောင်းသား အဖွဲ့ဝင် (၅၀) ခန့် ၊ ပြည်သူ (၅၀) ခန့်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် (၁၀၀) ဦးခန့် စုစုပေါင်း (၂၀၀) ဦးခန့် ကြိုဆို နုတ်ဆက်ခဲ့ကြောင်း...

ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ဆွေးနွေးပွဲ မြိတ်ခရိုင် ပုလောမြို့၌ ပြုလုပ်

(၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ဦးဆောင်သည့် ဒီမိုကရေစီ ၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်အဖြစ် ပုလောမြို့သို့ သွားရောက်ပြီး ပုလောမြို့နယ် ပြည်သူ လူထုနှင့် (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်းများ တွေ့ဆုံ ဆွေးနွေးပွဲကို နိုဝင်ဘာ (၂၂) ရက်နေ့ ည (၆) နာရီ အချိန်ခန့်တွင် ပုလောမြို့ အရှေ့ကျောင်းတိုက် ဆွမ်းစား ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ကိုမင်းလွင် (ပုလောသား) က (၈၈) ကျောင်းသား ခေါင်းဆောင်များနှင့်...

Thursday, November 22, 2012

ကျွန်းစုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး အား တိုင်းဝန်ကြီး အဖြစ် အဆိုပြု

တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး (ပထမ) နေ့ကို နိုဝင်ဘာ (၂၃) ရက်နေ့ နံနက် (၁၀) နာရီတွင် ပြုလုပ်ကျင်းပရာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ လစ်လပ် တိုင်းဒေသကြီး ၀န်ကြီး တစ်ဦး နေရာအတွက် ခန့်အပ် တာဝန်ပေးရန် အမည်စာရင်း တင်သွင်းရာ တိုင်းဒေသကြီး လွှတ်တော် ကျွန်းစုမြို့နယ် မဲဆန္ဒနယ်မြေ  လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး အား အဆိုပြု တင်ပြထား ကြောင်း သတင်းရရှိပါသည်။&nbs...

လမ်းဖြတ် ပိုစတာ စိုက်ထူ ကြိုဆိုမှု အပေါ် အငြင်းပွား စရာ ဖြစ်နေ

မြိတ်မြို့သို့ ရောက်ရှိလာမည့် (၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင်များအား အစ္စလာမ် ဘာသာဝင်များ အများစု နေထိုင်ရာ မြိတ်မြို့ ကန်ခေါင်းနယ်မြေ ပန်စရာ လမ်းဆုံတွင် လူမျိုးစွဲ ၊ ဘာသာစွဲ ၊ ပုဂ္ဂိုလ်စွဲ မဟုတ်ဟု ယူဆရသော အသုံး အနှုန်းဖြင့် လမ်းဖြတ် ပိုစတာ စိုက်ထူ ကြိုဆိုမှု အပေါ် အငြင်းပွား စရာ မေးခွန်းများ ၊ အမျိုးမျိုး ဝေဖန်မှုများ  ဖြစ်ပေါ်လျက် ရှိပါသည်။...

မြိတ်မြို့သို့ ရောက်ရှိလာမည် (၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ မြိတ်သို့ ရောက်ရှိ ပြီးနောက် ပုလောမြို့သို့ ထွက်ခွာ

မြိတ်မြို့သို့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး၊ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ် အတွက် ရောက်ရှိလာမည့်  (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ဦးဆောင်သော အဖွဲ့အား ကြိုဆိုရန်အတွက်  နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ပြင်ဆင် ဆောင်ရွက်လျက် ရှိပါသည်။ ထိုအဖွဲ့သည် (၁၁) နာရီ ခန့်တွင် ရန်ကုန်မြို့မှ တဆင့် မြိတ်မြို့သို့ (၁၁) နာရီခန့်တွင် ရောက်ရှိလာပြီးနောက် ပုလောမြို့သို့ သွားရောက်ကာ ပုလောမြို့တွင် ပြည်သူလူထု များနှင့် တွေ့ဆုံပြီးနောက်...