မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Saturday, November 30, 2013

မြို့တွင်း သန့်ရှင်း သာယာလှပရေးနှင့် လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်

မြိတ်မြို့တွင်း သန့်ရှင်းသာယာလှပရေးနှင့် လမ်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်မြို့နယ် စည်ပင် သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဂွမ်နှင့် အဖွဲ့ဝင်များက နိုဝင်ဘာလ(၃၀)ရက် နံနက်(၈)နာရီတွင် ကွင်းဆင်းကြီးကြပ်  ဆောင်ရွက် ခဲ့ကြသည်။     ထိုသို့ ကွင်းဆင်းကြီးကြပ်...

မြိတ်ခရိုင်အတွင်းရှိ ကျေးရွာ ၄၇ ရွာသို့ အပေါ့စား မီးသတ်စက် များအား ပံ့ပိုးမည်

ကျေးလက်ဒေသ မီးဘေး ကြိုတင် ကာကွယ်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင် အပေါ့စား မီးသတ်စက် များအာ့း  မြိတ်ခရိုင် အတွင်းရှိ ကျေးရွာ(၄၇)ရွာ အတွက် မြိတ်မြို့နယ် အတွက် (၁၁)လုံး၊ ကျွန်းစုမြို့နယ် အတွက်(၁၅)လုံး၊ ပုလောမြို့နယ် အတွက်(၈)လုံး၊ တနင်္သာရီမြို့နယ် အတွက် (၉)လုံး၊ ပလောက်မြို့နယ်ခွဲ အတွက်(၄)လုံး၊ ခရိုင်အတွင်းရှိ မြို့နယ်မီးသတ် စခန်း(၄)ခုအတွက် စခန်းတစ်ခု လျှင်(၂)လုံးစီ စုစုပေါင်း (၅၅)လုံးကို ဖြန့်ဝေပေးသွားမည...

(၂၀.၁၁.၂၀၁၃) ရက် နေ့စွဲဖြင့် မြိတ်ပုလဲမြေပေါ်တွင် မြိတ်မြို့၊ မြို့သစ်ရပ်နေ ဦးဝိုင်တင်အပေါ် မဟုတ်မမှန် တိုင်ကြားချက်နှင့် ပတ်သက်၍ဖြေရှင်းချက်

ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရ၊ ၀န်ကြီးချုပ်ထံသို့ လိပ်မူပြီး မြိတ်မြို့၊ မြို့သစ်ရပ်နေ ဦးဝိုင်တင် အပေါ် တိုင်ကြားသည့်ကိစ္စမှာမဟုတ်မမှန်လုပ်ကြံတိုင်ကြားခြင်းသာဖြစ်ကြောင်းပြည်သူ (၅၀)ဦးတို့မှ အောက်ပါအတိုင်း ဖြေရှင်းတင်ပြအပ်ပါသည် - ၁။ မြိတ်မြို့၊ အင်းလေးကမ်းရပ်၊ မြိတ်တောင်ချောင်းကမ်းစပ်တွင် ကူးတို့ဆိပ်မရှိပါ။ ၎င်းနေရာကိုခြံခတ် ပိတ်ဆို့ ထားခြင်းလည်း မရှိပါ။ လုပ်သားပြည်သူ၊ ရေလုပ်သားများ၊ လှေငယ်များလွတ်လပ်စွာ ဆိုက်ကပ် ထားသည်ကို ဓါတ်ပုံဖြင့် ပူးတွဲတင်ပြ ဖြေရှင်းအပ် ပါသည်။  လူအများ အတက်အဆင်း ပြုလုပ်သည့်နေရာသာ ရှိပါသည်။...

မြိတ်မြို့ အမျိုးသမီး သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင်ြ့မင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၃၅)နှင့် အခြေခံ အိမ်တွင်းမှု သင်တန်း (၆၄) ဆင်းပွဲ ကျင်းပ

နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ ဘ၀လုံခြုံရေး၊ စီးပွားရေးအထောက်အကူပြု အတတ်ပညာ များ တတ်မြောက်စေရေး၊ တတ်မြောက်ထားတဲ့ပညာရပ်များဖြင့် အသက်မွေးဝမ်းကြောင်းပြုပြီး မိသားစု ဘ၀ တိုးတက်မြင့်မားစေရေး၊ တိုင်းတစ်ပါးကိုအထင်မကြီးဘဲ ကိုယ့်ကိုယ်ကို ထိန်းသိမ်းတတ်ပြီး လမ်းမှား မရောက် စေရန်၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ နယ်စပ် ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီး သက်မွေးလုပ်ငန်း...

Wednesday, November 27, 2013

မြိတ်မြို့၌ (၉၃)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မြိတ်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် (၉၃)နှစ်မြောက် အမျိုး သားနေ့ အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ(၂၇)ရက် နံနက်(၈)နာရီက ကျင်းပရာ ရှေးဦးစွာ အထက (၃)ကျောင်းသား/သူများက ပြည်မြန်မာသီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်သည်။ ...

တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့ တွင် နိုင်ငံတော် အခွန်။ သဘာဝ ပတ်ဝန်းကျင်။ လူမျိုခံရခြင်း ဆုံးရူံးခြင်း နာ(၃)နာ ခံစားနေရခြင်း

နိုင်ငံတော်အခွန် ဘဏ္ဍာများ ဆုံးရှုံးရခြင်း  (ပထမနာခြင်း) မြိတ်မြို့အင်းလေးမြိုင် စက်မှု့ဇုံ (ငါးလေလံ)တွင် ကင်းမွန် ပြုတ်ခြောက်ပြုလုပ်၍ စီးပွားရေးလာ ရောက်လုပ် ကိုင်လျက်ရှိသော တရုတ်ပြည်မှ ပြည်ကြီး တရုတ်အစစ်များသည် ကင်းမွန် များအား ဆားများဖြင့် ပြုတ်၍ နေလှန်းကာ တရုတ် ပြည်သို့ ကားများဖြင့် တစ်ရက်ခြားတစ်ကြိမ် တင်ပို့နေတာကို အားလုံးမြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပြည်ကြီး တရုတ်တွေလုပ်တဲ့ လုပ်ငန်းက သစ်တောနဲ့ရော ငါးဦးစီးနဲ့ရောဆိုင် ပါတယ်။ အင်းလေမြိုင် စက်မှုဇုံဖြစ်တဲ့...

ဓားဖြင့်တွတ်၍ ဆိုင်ကယ်လုယူ မောင်းပြေးသူအား ဖမ်းဆီးမိ

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်၊ ညနေ (၃း၃၀)အချိန်ခန့်တွင် ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာ၊ အမှတ် (၃)ရပ်ကွက်နေ စိုးကိုဦး (ခ) စိုးကို (၂၃)နှစ် (ဘ) ဦးမောင်အေးသည် ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာနေ သန်းထိုက်အောင် (ခ) ခွေးထုပ် (၁၉)နှစ် (ဘ) ဦးကြူကြည်၏ ၃၅ယ/----------- Wave 100 Alpha အမျိုးအစား အနီရောင် ဆိုင်ကယ်အား မီးလောင်ချောင်း ကျေးရွာမှ ပလကျေးရွာသို့  သွားမည်ဟုဆိုကာ ဆိုင်ကယ် ငှားရမ်းခေါ်ယူ မောင်းနှင်စေခဲ့ပြီး ကြဲကျေးရွာနှင့် စက်တော်ရာကျေးရွာအကြားရှိ...

ကျွဲများအတွက် လွတ်လပ်၍ စားကျက် နေရာမှန် ဖြစ်နေသော ပုလောမြို့မှ လွတ်လပ်ရေး ကျောက်တိုင် (သို့မဟုတ်) ကျွဲချည်တိုင်

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မြို့မအားကစားကွင်း အတွင်းရှိ လွတ်လပ်ရေး ကျောက်တိုင်တွင် နိုဝင်ဘာလ (၂၆)ရက်နေ့၊ နေ၀င်ဆည်းဆာအချိန်၌ ကျွဲများကို ချည်နှောင်ထားသည်ကို တွေ့ရှိရသဖြင့် အားကစားကွင်း အနီးအနား ပတ်ဝန်းကျင်ရှိသူများအား မေးမြန်းကြည့်သည့်အခါ ".. ကျွဲ၊ နွားများအား အဲလိုမျိုး စားကျက်မြေအဖြစ် လာရောက်လွတ်ထားပြီး လွတ်လပ်ရေးကျောက်တိုင်တွင် ချည်နှောင်နေသည်မှာ အတော်ပင် ကြာမြင့်ပြီဖြစ်ကြောင်း၊ အားကစားကွင်း၏ နံဘေးပတ်လည်အား အုတ်နံရံ တံတိုင်းများဖြင့် ခြံခတ် ကာဆီးထားသောကြောင့်...

Tuesday, November 26, 2013

ဓာတ်ပုံသတင်း

...

မြိတ်မြို့၌ ပုဂ္ဂလိက အငှားယာဉ်များ ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး အတွင်း လမ်းပန်း ဆက်သွယ်ရေး လုံခြုံ ချောမွေ့စေရေး၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး၊ ခရီးသည် ပို့ဆောင်ရေး၊ ကုန်စည် ပို့ဆောင်ရေး ယာဉ်များ စနစ်တကျ ပြေဆွဲရေး အတွက် ပုဂ္ဂလိက အငှားယာဉ်များ ကြီးကြပ်မှု ကော်မတီ ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ (၂၅) ရက် နေ့လည်(၁) နာရီတွင် မြိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကျွန်းရတနာခန်းမ၌ ကျင်းပရာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး၊ ဌာနဆိုင်ရာများ၊...

Monday, November 25, 2013

လွှတ်တော်ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် ခွဲဝေရေး လုပ်ငန်း ညှိနှိုင်း

မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် များနှင့် မြိတ်မြို့နယ် အတွင်းရှိ မြို့နယ် ၊ ရပ်/ကျေး ဒေသ ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မဲဆန္ဒရှင် ပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် ခွဲဝေရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့ နေ့လည် (၁)နာရီ အချိန် မြိတ်မြို့ ဆိပ်ငယ်ရပ်ရှိ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့်၏ နေအိမ်တွင် ကျင်းပပြုလုပ်သည်။&n...

Friday, November 22, 2013

မြိတ်မြစ်အတွင်း စက်လှေတစ်စီး စက်နှိုးစဉ် အင်ဂျင်ပိုင်းမှ ရှော့ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွား

ကျွန်းစုမြို့နယ် ပထော်ကျေးရွာ ပထော်ကမ်း အရှေ့ဘက် ပေ(၁၅၀)အကွာ မြိတ်မြစ် အတွင်းတွင် နိုဝင် ဘာလ(၂၁)ရက် ညနေ(၄း၄၅)နာရီ အချိန်၌ စက်လှေ တစ်စီး စက်နှိုးစဉ် အင်ဂျင်ပိုင်းမှ ရှော့ဖြစ်ပြီး ပေါက်ကွဲ မှု ဖြစ်ပွားခဲ့ သည်။ ...

ဦးဝိုင်တင်၏ လုပ်ရပ်အပေါ် မကျေနပ်၍ တိုင်ကြားခြင်း

သို့ ၀န်ကြီးချုပ် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ထားဝယ်မြို့ ဦးဝိုင်တင်၏ လုပ်ရပ်အပေါ် မကျေနပ်၍ တိုင်ကြားခြင်း ▬ ▬ ▬ ▬ ▬ ▬ ▬ ▬ ▬ ▬ ▬ ▬ ▬ ▬ ▬ ▬ ၀န်ကြီးခင်ဗျား.. မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့သစ် (၅) ရပ်ကွက်၊ ရွှေစံပယ်လမ်း နေထိုင်သူ ဦးဝိုင်တင်သည် အင်းလေးကမ်း ကူးတို့ဆိပ်နေရာ၌ ကျူးကျော်အိမ်တစ်လုံး ဆောက်လုပ်နေထိုင်ပြီး လက်ဖက်ရည်ဆိုင်နှင့် ဈေးဆိုင်ဖွင့်၍ စီးပွားရေး ကိုယ်ကျိုးရှာနေသည့်အပြင် ကျွန်တော်တို့ ဆင်းရဲသား လက်လုပ် လက်စား လှေငယ်သမားများ ၀င်/ထွက် ဆိုက်ကပ်နေသည့် ကူးတို့ဆိပ်ကို သူပိုင်မြေအလား ခြံခတ် ပိတ်ဆို့...

Wednesday, November 20, 2013

သူကယ်လိုက်တဲ့ လူပေါင်းက အယောက်၃ဝ

အသားမှာ အဆိပ်ပါတယ်ဆိုတာကို ခွေးကလေးအနံ့ခံသိလိုက်တယ်။လူတွေကို အဆိပ်မိထားတဲ့ခွေးသားမစားဖို့ ခွေးကလေးကဟောင်ပြီး တားတယ်။ဒါကို လူတွေက သဘောမပေါက်ခဲ့ဘူး.. ခွေးကလေးလည်း အသားစားချင်တယ်ထင်ပြီး အသားပစ်ကျွေးလိုက်တယ်။ခွေးကလေးကမစားဘဲ ဟောင်ပဲဟောင်နေခဲ့တယ်.. ဟောင်သံထဲမှာ ဆွဲဆွဲငင်ငင်ငိုသံတွေ ရောစွက်နေတယ်။နောက်ဆုံး လူတွေအသားစားခါနီးမှာ ခွေးကလေးဟာ မျက်ရည်ကျပြီး ဝမ်းနည်းသံနဲ့ တစ်ချက်အူလိုက်တယ်။ပြီးတော့ သူ့ကိုချကျွေးတဲ့အသားကို စားပြလိုက်တယ်။ နေရာမှာတင် အဆိပ်သင့်ပြီး သေရှာတယ်။ ဒီအကြောင်းကို သူဌေးတစ်ဦးကကြားတော့ ခွေးကလေးကို အရမ်းကရုဏာသက်မိတယ်။ခွေးကလေးကို သေချာမြေမြုပ်သင်္ဂြုံလ်ပြီး...

ကျွန်းစုမြို့နယ် ကံမော်ကျေးရွာ၌ ဓားပြတိုက်မှုဖြစ်ပွား

ကျွန်းစုမြို့နယ် ကံမော်ကျေးရွာ ၀ံပြေးရပ် ဥယျာဉ်ပိုင်းနေ ဒေါ်ချစ်ဝင်းမေ နေအိမ် တွင် နိုဝင်ဘာလ(၁၈) ရက် နံနက်(၂)နာရီ အချိန်ခန့်တွင် ဓားပြတိုက်မှု ဖြစ်ပွား ခဲ့သည်။ ဖြစ်စဉ်မှာ ဒေါ်ချစ်ဝင်းမေ အသက် (၄၂)နှစ် (ဘ) ဦးသိန်းဟန် ဥယျာဉ် လုပ်သူသည် ခင်ပွန်းဖြစ်သူ ဦးထွန်းဦး ခရီးသွားနေစဉ် သမီးဖြစ်သူ မဟန်နီထွန်း နှင့်အတူ နေအိမ်၌ အိပ်နေစဉ် မျက်နှာအ၀တ်ဖြင့် စည်းထားသော လူ(၂)ဦးမှ ယမ်းထောင်း သေနတ်တစ်လက်နှင့် ရဲဒင်း တစ်လက်တို့ ကိုင်ဆောင်ကာ နေမအိမ်သို့ တက်လာပြီး ဒေါ်ချစ်ဝင်းမေ ဦးခေါင်းနောက်စေ့အား ရဲဒင်းနောင့်ဖြင့် တစ်ချက်ထုကာ စောင်ဖြင့် ချုပ်ထားပြီး သမီးဖြစ်သူအား...

Tuesday, November 19, 2013

မြိတ်မြို့တွင် ဆိုင်ကယ်ခိုးယူသူများ လုံခြုံရေးကင်မရာ (CCTV) ကြောင့် ဖမ်းဆီးမိ

မြိတ်ကုန်တိုက်မှ ဆိုင်ကယ် ခိုးယူခဲ့သူများအား (၁၇-၁၁-၂၀၁၃)ရက်နေ့ ည (၇း၅၀) အချိန်ခန့်တွင် ရွှေဒူးကျေးရွာ၌ ဖမ်းဆီးမိခဲ့ကြောင်း သတင်း ရရှိသည်။ (၁၆-၁၁-၂၀၁၃) ရက်နေ့ ညအချိန် မြိတ်ကုန်တိုက်တွင် ဆိုင်ကယ်ပျောက်ဆုံးမှုဖြင့် ဆိုင်ကယ် ခိုးယူသူများအား ကုန်တိုက်၌ တပ်ဆင်ထားသော လုံခြုံရေးကင်မရာ (CCTV) တွေ့ရှိချက် မှတ်တမ်းအရ တာဝန် ရှိသူများမှ ရှာဖွေ စုံစမ်းလျှက်ရှိရာ (၁၇-၁၁-၂၀၁၃) ရက်နေ့ ည (၇း၅၀)အချိန်ခန့် မြိတ်ခရိုင် အထူး မှုခင်းနှိမ်နှင်းရေး အဖွဲ့မှ ရဲအုပ်...

Saturday, November 16, 2013

မီးကြွင်းမီးကျန်မှတဆင့် ဘုန်းကြီးကျောင်း မီးလောင်

၂၀၁၃ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်နေ့ ညနေ (၅)နာရီ ခွဲ အချိန်၌ တနင်္သာရီမြို့နယ်၌ မီးကြွင်း မီးကျန်မှ တဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ ဘုန်းကြီးကျောင်း တစ်ကျောင်း မီးလောင် ဆုံးရှုံး ခဲ့သည်။ ဖြစ်စဉ်မှာ တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီမြို့နယ်၊ အောက်ကင်းအရှေ့ကျေးရွာမှ ဝေနေယျမေတ္တာ ဘုန်းကြီး ကျောင်း ဆရာတော် ဦးသြရာသ သည် မရင်းကြီးကျေးရွာ ကထိန်ပွဲသွားနေစဉ် ရွာသား ဦးအောင်ဇော်ဦးအား ကျောင်းစောင့် ထားခဲ့ရာ ဦးအောင်ဇော်ဦးမှ ရေနွေးအိုးတည်ပြီး ကျောင်းအောက်...

Friday, November 15, 2013

နှစ်ကျိပ်ရှစ်ဆူ ဘုရား ရုပ်ပွားတော်များ မြိတ်မြို့တွင်း ဒေသစာရီ ကြွချီ အပူဇော်ခံ

မြန်မာနိုင်ငံတွင် သက်တမ်း အရှည်ကြာဆုံး ဘုရားပွဲတော် အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး တနင်္သာရီတိုင်း အတွင်း ထင်ရှားကျော်ကြားပြီး စည်ကားသည့် (၈၆) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်ကြီးအား မြိတ်မြို့ ဗုဒ္ဓဘာသာ အသင်းကြီးမှ ကြီးမှူး၍ မြိတ်မြို့ ဘုရားငါးဆူကွင်း သာသနာ့ နယ်မြေ၌ ယနေ့ နိုဝင်ဘာလ (၇) ရက်နေ့မှ (၁၃) ရက်နေ့ အထိ ကျင်းပခဲ့ပြီးနောက်ဘုရားငါးဆူကွင်း သာသနာ့ နယ်မြေ၌ ယာယီ သီတင်းသုံး ကိန်းဝပ် အပူဇော်ခံတော်မူသည့်  နှစ်ကျိပ် ရှစ်ဆူကုန်သော ဘုရားရှင်များသည် နိုဝင်ဘာလ (၁၄) ရက်နေ့ ည(၈) နာရီ အချိန်တွင့် မြိတ်မြို့နယ် အတွင်း ညလုံးပေါက် ဒေသစာရီ လှည့်လည် အပူဇော်ခံကြွချီတော်...

Thursday, November 14, 2013

မိုးကြိုးပစ်ခံရ၍ လူတစ်ဦး သေဆုံး

Normal 0 false false false EN-US X-NONE X-NONE MicrosoftInternetExplorer4 ...