Thursday, November 29, 2012

ကမ်းရိုးတန်း ဒေသ တိုင်းစစ်ဌာနချုပ် ရှင်ဥပဂုတ္ထ မထေရ်မြတ် ပူဇော်ပွဲ ပြုလုပ်

ကမ်းရိုးတန်း ဒေသ တိုင်း စစ်ဌာချုပ်  (မြိတ်တပ်နယ်) ၏ ဒုတိယ အကြိမ်မြောက် ရှင်ဥပဂုတ္တ မထေရ်မြတ်  ဖောင်တော် ရေချ ပူဇော်ပွဲ ကို ၂၉-၁၁-၂၀၁၂ရက်နေ့ နံနက် (၁၁) နာရီတွင် မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် ပြည်တော်သာ ရေဆိပ်ကျောက်တံတားမှ တဆင့် ကပ္ပလီ ပင်လယ်ပြင်သို့ သွားရောက်ပြီးနောက် ဖော်တော်အား ရေချပူဇော်သည်။ 

အဆိုပါ ရှင်ဥပဂုတ္ထ မထေရ်မြတ် ဖောင်တော် ရေချ ပူဇော်ပွဲသို့ ကမ်းရိုးတန်းဒေသ  တိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်ဌေး နှင့် ဦးစီးအရာရှိများ ၊ တပ်ရင်း/ တပ်ဖွဲ့ များမှ မိသားစုဝင်များ တက်ရောက် ပူဇော်ကြကြောင်း သတင်းရရှိပါသည်။ 



2 comments:

lusoe said...

ငရဲရောက်မှာသိလို့ရိက္ခာဖြေနေကြတယ်ထင်ပါ့။

Unknown said...

စေတနာအလှုပါ သာဓု သာဓု သာဓု ပါ