Saturday, May 10, 2014

မြိတ်မြို့၌ ကဆုန်ညောင်ရေသွန်း ပွဲတော် စတင် ကျင်းပ ဒီပင်္ကရာ မြတ်စွာဘုရား မြို့တွင်းသို့ လှည့်လည် အပူဇော်ခံ



 မြိတ်မြို့ ဗုဒ္ဓဘာသာ လူငယ်များ အသင်း (YBA) မှ ကြီးမှူး ပြုလုပ်သော (၇၀)ကြိမ်မြောက် ကဆုန် ညောင်ရေသွန်း ပွဲတော် ကျင်းပ ဘုရားငါးဆူကွင်း၌ ယာယီ ကိန်းဝပ် စံပ္ပယ်တော်မူမည့် ဒီပင်္ကရာ မြတ်စွာ ဘုရား မြိတ်မြို့တွင်းသို့ ယနေ့ မေလ (၁၀) ရက်နေ့ နံနက်ပိုင်းတွင်း လှည့်လည် ကြွချီ ပူဇော်ခံရာ မြိတ်မြို့သူ၊ မြို့သား ဗုဒ္ဓဘာသာဝင် များမှ ပန်း၊ ရေချမ်းမှူး ကပ်လှူခြင်း၊ အမွှေးနံ့သာရေများ လှူဒါန်းခြင်း ၊ အလှူငွေများ လှူဒါန်းဖြင့် ကုသိုလ်ယူကြသည်။ ဒီပင်္ကရာ မြတ်စွာဘုရား မြိတ်မြို့တွင်းသို့ လှည့်လှည် ပူဇော် ခံရာ၌ ဆော်သြရေးယာဉ်၊ စည်တော်ယိမ်း၊ ဥပါသကာများ၊ သာသနာ့အလံကိုင်များ၊ ပွဲစံ ပွဲရံများ ၊ ဓမ္မစကြာ အဖွဲ့ဝင်များ၊ ဒိုးပတ်ဝိုင်းများ မှလည်း လိုက်ပါ ကုသိုလ်ယူ ကြသည်။ 


(၇၀)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်း ဘုရားပွဲတော်ကို မြိတ်မြို့ ဘုရားငါးဆူကွင်း၌ မေလ (၁၀) ရက်နေ့မှ (၁၄) ရက်နေ့ အထိ (၅) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ပွဲတော်ရက် အတွင်း ယာယီ စံကျောင်း၌ အပူဇော်ခံလျက် ရှိသည့် ဒီပင်္ကာ မြတ်စွာ ဘုရားရှင်အား အမွှေးနံသာများ၊ ရေများ ဖြင့် သွန်းလောင်း ပူဇော်နိုင်ကြောင်း သိရသည်။ 
 ကဆုန်လပြည့်နေ့တွင်မူ မြိတ်သူ မြိတ်သားများသည် မြိတ်မြို့ပေါ်ရှိ တန်ခိုးကြီးဘုရားများ၊ စေတီပုထိုးများ၊ ဗုဒ္ဓ ရုပ်ပွားတော်များအား အမွှေးနံ့သာဖြင့် ပူဇော်ခြင်း၊ ရေသွန်းလောင်း ပူဇော်ခြင်းတို့အား မိသားစုအလိုက်၊ အသင်း အဖွဲ့အလိုက် တစ်ဦးချင်းအလိုက် ကုသိုလ်ပြုလေ့ရှိကြောင်း သိရသည်။

0 comments: