Thursday, May 22, 2014

မုန်တိုင်းသတင်း

၂၀၁၄ခုနှစ်၊ မေလ(၂၂)ရက်နေ့ မြန်မာစံတော်ချိန်( ၀၇း၀၀) နာရီ အချိန်ထုတ်ပြန်ချက်
ယနေ့မြန်မာ စံတော်ချိန်(၀၆း၃၀)နာရီ အချိန်တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည်၊ မြန်မာနိုင်ငံ ၊ဂွမြို့၏ အနောက်တောင်ဘက် မိုင်(၂၂၀)ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် (၂၂၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အဆိုပါမုန်တိုင်းငယ်သည် မြောက်- အရှေ့မြောက်သို့ဆက်လက် ဦးတည်ရွေ့လျားမည်ဟုခန့်မှန်းရ ပါသည်။ မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ အဝါရောင်အဆင့်သာ ရှိသော်လည်း လာမည့်(၂)ရက်အတွင်း မြန်မာ ဘင်္ဂလားဒေ့ရှ် ကမ်းခြေဒေသများသို့ ဦးတည်ရွေ့လျားနိုင် ပါသည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့ညနေမှ နောက်(၃)ရက် အတွင်း ပဲခူးတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင်
နေရာ အနှံအပြား မိုးထစ်ချုန်းရာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက် မိုးကြီးမည်။

မြစ်ဝကျွန်းပေါ်ရခိုင်ကမ်းရိုးတမ်းတစ်လျှောက်နှင့် ကမ်းလွန်bပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင် မြေပြင် လေသည်
တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင် အထိ တိုက်ခတ်နိုင်ပါသည်။

မိုးလေ၀သနင့် ဇလဗေဒ ညွန့်ကြားမှု ဦးစီးဌာန

0 comments: