Monday, May 19, 2014

ကျေးလက်နေပြည်သူများ အတွက် အင်္ဂမော်- ကင်းဆိုး ကျေးလက်လမ်းနှင့် တံတားများ တည်ဆောက်လျက်ရှိ



ကျေးလက်နေ ပြည်သူများ ရာသီမရွေးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့တိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၂၁၃)ဖြင့် အင်္ဂမော်-ကင်းဆိုး ကျေးရွာချင်းဆက် ကျောက်ချောလမ်းကို (-၁၂-၂၀၁၃) ရက် မှ စတင်၍ တည်ဆောက် လျက်ရှိသည်။



အင်္ဂမော်-ကင်းဆိုး ကျေးရွာချင်းဆက် ကျောက်ချောလမ်းအား ဒေသခံ ပြည်သူများ ရာသီမရွေးသွား လာနိုင်ရေးနှင့် ကြာရှည်စွာ အသုံးပြုနိုင်ရေး၊ လမ်းနှင့် တံတားများအား အရည်အသေး ပြည့်မီစွာ ဆောင်ရွက် ပေးနိုင်ရေး အတွက် မြိတ်မြို့နယ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်နှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေး ဦးစီးဌာနမှ တာဝန်ရှိသူများမှ မေလ(၁၄)ရက်နေ့တွင် ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး တာဝန်ယူဆောင် ရွက်လျက်ရှိ များအား လုပ်ငန်းအရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပေးရေးနှင့် ဒေသခံ ပြည်သူများ၏ လိုအပ် ချက်များကို ညှိနှိုင်းဆောင်ရွက်ရန် မှာကြားခဲ့သည်။

အဆိုပါ လမ်းသည် ()မိုင်()ဖာလုံ ရှည်လျားပြီး လမ်းဖောက်လုပ်ရာတွင် လမ်းကြာရှည်စွာ အသုံး ပြုနိုင်ရန် အတွက် လမ်းပေါ်၌ အချင်း()ပေရှိ ကွန်ဂရစ် ရေထုတ်ပြွန်()စင်း၊ ပေ(၃၀)ရှိ သစ်သားတံတား ()စင်း တည်ဆောက်ပြီးစီးခဲ့ပြီး ဖြစ်ပြီး အင်္ဂမော်- ကင်းဆိုး ကျေးရွာ ချင်းဆက် ကျောက်ချောလမ်း ဖောက် လုပ်ခြင်း လုပ်ငန်းမှာ (၈၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီး စီးပြီဖြစ်သည်။ ၄င်းလမ်းတည်ဆောက် ပြီးစီးပါက အင်္ဂမော်၊ ကန်သာယာ၊ မော်တောင်၊ ကလင်ဘန်း၊ ကင်းဆိုး ကျေးရွာများတွင်နေထိုင်ကြသော ကျေးရွာ ပြည်သူများမှ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

1 comments:

နေလင်းထိုက် said...

တကယ်ဒီလမ်း ကုန်ကျစရိတ်က သိန်း ၆၀၀ ကျော် ခွဲဝေပြီးဖြောင်လိုက်တဲ့စရိတ်က သိန်း ၆၀၀ ကျော် လုံးဝမလိမ်နှင့် ဒါအမှန်ဘဲ့