Tuesday, May 13, 2014

၁၃၇၆ခုနှစ် ကဆုန်လပြည့်နေ့ ဇီဝိတဒါန ငါးလွတ်ပွဲ ကျင်းပ

၁၃၇၆ခုနှစ် ကဆုန်လပြည့်နေ့ မင်္ဂလာအချိန်ခါတွင် မြန်မာတစ်နိုင်ငံလုံး၌ ကုသိုလ် ကောင်းမှုများ ပြုလုပ်လျက် ရှိကြရာ တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့တွင် ဇီဝိတဒါန စုပေါင်း ငါးလွှတ်ပွဲကို မေလ(၁၃)ရက် နံနက်(၉း၃၀)နာရီက မြိတ်မြို့ ဆိပ်ငယ်ဗော တံတားတွင် ကျင်းပခဲ့သည်။


ဇီဝိတဒါန စုပေါင်း ငါးလွှတ်ပွဲသို့ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေး ဇနီး ဒေါ်ဝင်းဝင်းမြင့်၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ပြည်သူများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်၍ မြိတ်မြစ် အတွင်းသို့ ကကတစ်သားပေါက် (၅၀၀၀)၊ ကဏန်း(၂၀၀၀ )နှင့် ကျောက်ငါး(၃၀၀) တို့အား တပျော်တပါး ကုသိုလ်ပြု လွှတ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

မြိတ် ပြန်ဆက်

0 comments: