Monday, May 19, 2014

မြိတ်တောင်ကျေးရွာတွင် မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ရေယာဉ်(၂)စီး ကိုယ့်အားကိုယ်ကိုး ၀ယ်ယူရောက်ရှိ

မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာ အုပ်စုတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အတွက် ကိုယ်အား ကိုယ်ကိုး မီးငြိမ်းသတ်ယာဉ် ၀ယ်ယူရေး ရည်ရွယ်၍ ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှ စတင်၍ မြိတ်မြို့ ပေါ်ရှိ စေတနာရှင် ပြည်သူများ၊ မြိတ်တောင်ကျေးရွာ အတွင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံ ပြည်သူ များမှ အလှူငွေများ မတည် စုဆောင်းငွေများဖြင့် ၀ယ်ယူခဲ့သော မီးငြိမ်းသတ်ရေးယာဉ်()စီးမှာ မေလ (၁၆)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိခဲ့သည်။



အဆိုပါ မီးငြိမ်းသတ်ယာဉ် နှစ်စီးမှာ ISUZU နှင့် HENO အမျိုးအစားများဖြစ်ပြီး ISUZU မှာ နိုက်ထရိုဂျင် ဓာတ်ငွေ့ တွန်းအား အသုံးပြုသော ဓာတုဗေဒ ပေါင်ဒါမှုန့်ခြောက်ခြင့် (ဆီမီးလောင်မှု၊ လေယာဉ် မီးလောင်မှု) ငြိမ်းသတ် နိုင့်သည့် မီးငြိမ်းသတ်ယာဉ် အမျိုးအစားဖြစ်ပြီး HENO မှာ အထပ်မြင့် အဆောက်အဦ သို့ လှေကားထောင် မီးငြိမ်းသတ်နိုင်သည့် အပြင် ကယ်ဆယ်ရေးပစ္စည်း ကိရိယာများပါဝင်သော မီးငြိမ်း သတ်ယာဉ် အမျိုးအစားဖြစ်၍ ကျပ်သိန်း(၃၆၀)ဖြင့် ၀ယ်ယူခဲ့သည်။ အဆိုပါ မီးသတ်ယာဉ် များအား မေလ (၁၈)ရက်နေ့ နံနက်(၁၀)နာရီက မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် မြိတ်ခရိုင် မီးသတ်ဦးစီး ဌာနမှူး ဦးဇော်ဝင်းတို့က ကြည့်ရှု အားပေးခဲ့ ကြသည်။

မြိတ်တောင်ကျေးရွာ အုပ်စုတွင် ကျေးရွာပေါင်း(၁၃)ရွာရှိပြီး အိမ်ခြေ(၆၀၀၀)ခန့်၊ အိမ်ထောင်စု (၇၀၀၀)ခန့်နှင့် လူဦးရေ(၄၀၀၀၀)ခန့် နေထိုင်သော ကျေးရွာဖြစ်၍ စက်မှုဇုံများ၊ စက်ရုံ အလုပ်ရုံများ များစွာ ရှိသော ကျေးရွာအုပ်စုဖြစ်သည်။ ယခုကဲ့သို့ မီးငြိမ်းသတ် ရေယာဉ် ()စီး ကိုယ့်အားကိုယ်ကိုး ၀ယ်ယူခဲ့သည့် အတွက် မီးဘေး အန္တရာယ်ကြုံတွေ့လာ ပါက အချိန်မီ ငြိမ်းသတ်နိုင်မည်ဖြစ်သည်။
မြိတ်မြို့နယ်တွင် မီးဘေး အန္တရာယ်ကြုံတွေ့လာ ပါက မြို့နယ်မီးသတ် စခန်းတွင်()စီး၊ စခန်းခွဲတွင်()စီးနှင့် ကိုယ့်အားကိုယ်ကိုးအရန် မီးသတ်စခန်း()ခုတွင် (၁၁)စီး စုစုပေါင်း(၁၅)စီးဖြင့် မီးငြိမ်းသတ် ဆောင်ရွက်လျက် ရှိရာ ယခု ကိုယ့်အား ကိုယ်ကိုး မီးငြိမ်း သတ် ယာဉ်()စီး ၀ယ်ယူနိုင်ခဲ့သဖြင့် စုစုပေါင်း(၁၇)စီးဖြင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို အချိန်မီ ကာကွယ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြိတ် ပြန်ဆက်

0 comments: