Wednesday, May 21, 2014

ရေကြောင်းနှင့် လေကြောင်း လူငယ်သင်တန်းသားများ လေ့လာရေးနှင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ရန် ရန်ကုန်မြို့သို့ ထွက်ခွာ

နွေရာသီကျောင်းပိတ်ရက်များအတွင်း အချိန်ကိုတန်ဖိုးရှိစွာ အသုံးချနိုင်ရန်နှင့် အနာဂတ်
နိုင်ငံ တော်ရဲ့ အကျိုးစီးပွားဖြစ်တဲ့ ပင်လယ်ပြင်၏ အနာဂတ်ကို ထုဆစ်ပုံဖော်မယ့် အားထား ရမယ့် မျိုးဆက်သစ် လူငယ်မောင်မယ်များကို ရေကြောင်းဆိုင်ရာ အခြေခံဗဟုသုတများ တိုးပွားလာစေရန်နှင့် နိုင်ငံတော် အတွက် အားထားရမယ့် လူငယ်မောင်မယ်များကို လေကြောင်း ဆိုင်ရာ အခြေခံဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်လျက်ရှိသော ရေကြောင်းနှင့်လေကြောင်း လူငယ်သင်တန်း တက်ရောက် လျက်ရှိသည့် သင်တန်းသားများအား ဒေသန္တရ ဗဟုသုတရရှိစေရန် လေ့လာရေး ခရီးစဉ်နှင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ရန်အတွက် မေလ(၂၁)ရက် နေ့လည်(၁) နာရီတွင် ရန်ကုန်မြို့သို့ သွားရောက်မည် ဖြစ်ကြောင်း သိရှိရသည်။


အဆိုပါ ခရီးစဉ်တွင် ရေကြောင်းလူငယ် အခြေခံသင်တန်း မြိတ်မြို့ နှင့် ကျွန်းစုမြို့ သင်တန်းရှိ သင်တန်းသား (၆၀)ဦး နှင့် အုပ်ချုပ် နည်းပြများ၊ လေကြောင်းလူငယ်သင်တန်း မြိတ် မှ သင်တန်းသား(၂၅) ဦးနှင့် အုပ်ချုပ် နည်းပြများ နှင့် တာဝန်ရှိသူများမှ ရန်ကုန်မြို့သို့ တနင်္သာရီရေတပ် စခန်း ဌာနချုပ်မှ စစ်ရေယာဉ် အနော်ရထာဖြင့် သွားရောက်မည် ဖြစ်သည်။ ရေကြောင်း လူငယ်သင်တန်း သားများ အနေဖြင့် မေလ(၂၃)ရက်နေမှ စတင်၍ နိုင်ငံတစ်ဝှမ်းတွင် ဖွင့်လှစ်လျက်ရှိသော သင်တန်းများတွင် တက်ရောက် နေသည့် သင်တန်းသား များနှင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ကြမည်ဖြစ် သည်။ ပြိုင်ပွဲတွင် ရေတပ်သား ဘာသာရပ်၊ အခြေခံစစ်ရေးပြ၊ လှေလှော်နှင့် ရေတပ် အချက်ပြ ဆက်သွယ်ရေးပြိုင်ပွဲ များ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

ခရီးစဉ်တွင် ရေကြောင်း နှင့်လေကြောင်း လူငယ်သင်တန်း သင်တန်းသားများအား ဒေသန္တရဗဟုသုတ ရရှိစေရန် လေ့လာရေး ခရီးစဉ်များ ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

iprd myeik

0 comments: