Thursday, May 15, 2014

မြန်မာနိုင်ငံ၌ တစ်ခုတည်းသာ ရှိသည့် ပျားရည် ဆွမ်းလောင်းလှူပွဲ ကျွန်းစုမြို့နယ် ထိန်ချောင်းကျေးရွာ၌ ကျင်းပ



မြန်မာနိုင်ငံ၌ တစ်ခုတည်းသာ ကျင်းပပြုလုပ်သည့် (၅၆)ကြိမ်မြောက် ပျားရည်ဆွမ်း လောင်းလှူ ပွဲအား မြိတ်ခရိုင် ကျွန်းစုမြို့ ကတ္တလူကျေးရွာ အုပ်စု ထိန်ချောင်းကျေးရွာ အောင်တော်မှု သာသနာ့ရိပ်သာ  ဘုန်းတော်ကြီးကျောင်း၌  ဆရာတော် ဦးက္ကုန္ဒောဘာသက ဦးစီး၍ ကဆုန်လပြည့် (ဗုဒ္ဓနေ ) မေလ (၁၃)ရက် နံနက် ()နာရီမှ (၁၀)နာရီ အချိန်ထိ  ကျင်းပခဲ့သည်။


 အဆိုပါ ပျားရည်ဆွမ်း လောင်းလှူပွဲ ၌ ကျွန်းစုမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ပင့်သံဃာများ အပါအ၀င် အလှူခံ သံဃာ (၁၇၅)ပါး၊ ကိုရင် (၄၀)ပါး၊ သီလရှင် (၂၀)ပါး တို့က လာရောက်အလှူ ခံကြရာ တနင်္သာရီရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူးနှင့် အရာရှိ အရာခံ အကြပ် စစ်သည်များ ၊ ကျွန်းစုမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် အသင်း အဖွဲ့များ၊ ကျေးရွာသူ  ကျေးရွာသားများ ၊ အနယ်နယ် အရပ်ရပ်မှ အလှူရှင်များက တက်ရောက်၍ ပျားရည်ဆွမ်း လောင်းလှူကြသည်။ 

 
ထိုသို့ ပျားရည်ဆွမ်း လောင်းလှူ နိုင်ရန် အတွက် အလှူရှင်များက သဘာဝ ပျားရည်စစ်များကို ကြိုတင် ၀ယ်ယူ စုဆောင်းပြီး သဘာဝပျားရည် စစ်စစ်များဖြင့် လာရောက် ကုသိုလ်ပြု လောင်းလှူကြရာ အလှူခံ ပုဂ္ဂိုလ် တစ်ပါး လျှင် ပျားရည် (၃) ပိဿာခန့် အလှူခံ ရရှိကြောင်း သိရသည်။

0 comments: