Friday, May 2, 2014

မြိတ်မြို့ ရွှေကျင် သီလရှင်ပရိယတ္တိစာသင်တိုက်တွင် ဓမ္မစကူးလ် သင်တန်းဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

မြိတ်မြို့ တပ်ပြင်ရပ်ကွက် ရွှေကျင်သီလရှင် ပရိယတ္တိစာသင်တိုက်တွင် ကလေးလူငယ် များ လိမ္မာယဉ် ကျေးပြီး အနာဂတ်ဘ၀ တိုးတက်မြင့်...မားစေရန်အတွက် ရည်ရွယ်၍ ဓမ္မစကူးလ်သင်တန်း ဖွင့်လှစ်နိုင်ရေး အတွက် ညှိနှိုင်း အစည်းအဝေးကို မေလ(၁)ရက် မွန်းလွဲ(၃)နာရီက အဆိုပါ သီလရှင်ကျောင်းတွင် ကျင်းပခဲ့သည်။


အစည်းအဝေးတွင် ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ရပ်မိရပ်ဖများ၊ အကျိုးဆောင်အဖွဲ့များ မှ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရေး၊ သင်တန်း တက်ရောက်ကြမည့် ကျောင်းသားကျောင်းသား  များအား အသိပေး ကြရေးနှင့် သင်တန်းဖွင့်လှစ်စဉ် သင်တန်းနည်းပြများ အတွက် ဆရာ/မများက ပံ့ပိုး ကူညီပေးနိုင်ရေး တို့ကို ဓမ္မစကူးလ် သင်တန်းနည်းပြ သံဃာတော်များ၊ သီလရှင်များနှင့် ဆရာ/မများ၊ မြိတ်ခရိုင်နှင့် မြို့နယ် အုပ်ချုပ် ရေးမှူး၊ ရပ်မိရပ်ဖများ၊ အကျိုးဆောင်အဖွဲ့များက ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဓမ္မစကူးလ်သင်တန်းကို ရွှေကျင်သီလရှင်ပရိယတ္တိစာသင်တိုက်တွင်
မေလ(၁၈)ရက်နေ့မှ စတင်၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မွန်းလွဲ(၃)နာရီမှ (၅)နာရီ အထိ ပထမတန်း၊ ဒုတ်ယတန်း၊ တတိယတန်း ကျောင်းသား/သူများအား ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်သည်။ အလားတူ ဓမ္မစကူးလ်သင်တန်းများကို မန္တလေးကျောင်းတိုက် ၊ တောရအောက်ကျောင်းနှင့် အေးရိပ်ချောင် ဓမ္မရိပ်သာတို့တွင် မေလ(၄)ရက်နေ့မှ စတင် ၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သွားမည်ဖြစ်သည်။

ဓမ္မစကူးလ်သင်တန်းတွင် ကမ္ဘာ့နိုင်ငံများနှင့် ဗုဒ္ဓသာသနာ၊ မြန်မာနိုင်ငံနှင့် ဗုဒ္ဓသာသနာ၊ ဗုဒ္ဓသာသာ သမိုင်း၊ ဗုဒ္ဓ၀င်နှင့် လက်တွေ့ဘ၀အသုံးချ ဗုဒ္ဓသာသာ အဆုံးအမများ၊ ထင်ပေါ်ကျော်ကြားသော ဗုဒ္ဓသာသာ သာသနာပြု ပုဂ္ဂိုလ်များ၏ အထ္ထုပ္ပတိများ၊ အသုံးချအဘိဓမ္မာစသော အခြေခံတရားတော်များနှင့် သိမှတ်ဖွယ်ရာ များစသည့် ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments: