Wednesday, May 7, 2014

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး တနင်္သာရီမြို့၌ ဆန္ဒဖော်ထုတ်

တနင်္သာရီမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဆောင်၍ (၂၀၀၈) ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး စီတန်း လှည့်လည် ဆန္ဒ ဖော်ထုတ်ခြင်းကို ယနေ့ မေလ (၇)ရက် နံနက် (၁၀) နာရီ အချိန် ချောင်းကြီး ရပ်ကွက် သီတာလမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့မှ စတင်ပြီး မြို့တွင်း လမ်းတစ်လျှောက် မြို့နယ် ခန်းမရှေ့ အထိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊  ပုဒ်မ (၄၃၆) အမြန်ဆုံး ပြင်ဆင်ရေး၊ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ရရှိရေး ၊ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး၊ စသည့် ကြွေးကြော် သံများ ကြွေးကြော်ကာ အင်အား (၃၅၀) ဦးခန့်ဖြင့် ဆန္ဒဖော်ထုတ် ကြသည်။


ထိုနောက် မြို့နယ် ခန်းမရှေ့၌ စုရုံး၍ တနင်္သာရီမြို့နယ် NLD ပါတီမှ ဦးမောင်စိုး၊ ဦးအောင်ကျော်ဟိန်း၊ ဦးအောင်မျိုးသက်၊ ဦးမင်းအောင်စိုး၊ ဦးအောင်မျိုးသန့် တို့မှ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ပုဒ်မ -၅၉(စ)၊ ၅၉ (ဃ)၊  ပုဒ်မ - ၄၃၆ ပြင်ဆင်ရေး အတွက် ဟောပြောခဲ့ ပြီးနောက် (၁၁) နာရီ ကျော် အချိန်၌  ဆန္ဒဖော် ထုတ်ပွဲ ရုပ်သိမ်းခဲ့သည်။

ဓာတ်ပုံ - NLD (မြိတ်)

0 comments: