Tuesday, May 13, 2014

ကျွန်းစုမြို့ ထိန်ချောင်းရွာ အောင်တော်မူကိုးန၀င်း စေတီတော်မြတ် နှင့် ဇေယျာသီရိ ဓမ္မာရုံ ထီးတော် တင်လှူ



တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ထိန်ချောင်း ကျေးရွာရှိ အောင်တော်မူ ကိုးန၀င်း စေတီတော်မြတ် နှင့် ဇေယျာသီရိ ဓမ္မာရုံ ထီးတော်တင်လှူ ပူဇော်ပွဲကို မေလ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ တနင်္သာရီရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူးး ဗိုလ်မှူးချုပ် မိုးအောင်နှင့် ဇနီး ဒေါက်တာ အေးခိုင်ညွန့်၊ မိသားစုဝင်များ ၊ တနင်္သာရီရေတပ်စခန်း ဌာနချုပ်မှ အရာရှိ ၊ စစ်သည်များ၊ အလှူရှင်များ ၊ ဓမ္မာစင်္ကြာ အဖွဲ့ဝင်များ ၊ ကျေးရွာသူ ကျေးရွာသားများ တက်ရောက် ပူဇော်ကြသည်။ 




ထီးတော် တင်လှူပွဲ အခမ်းအနားတွင် ဆရာတော် သံဃာတော်များ ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကာ တရားတော်များ နာယူကြပြီး ဆရာတော်များအား လှူဖွယ် ၀တ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။ ထိုနောက် တနင်္သာရီရေတပ်စခန်း ဌာနချုပ်မှူးနှင့် ဇနီး တို့မှ ထီးတော်အား ဆရာတော်များထံ ကပ်လှူခဲ့ ပြီးနောက် ဆရာတော် သံဃာတော်များက အမွှေးနံသာရေများ ပက်ဖျန်းကြသည်။  ထိုနောက် ထီးတော် ဘုံအဆင့်ဆင့်အား တနင်္သာရီရေတပ်စခန်း ဌာနချုပ်မှူးနှင့် ဇနီး၊ အရာရှိ စစ်သည်များ၊ အလှူရှင်များ ၊ ကျေးရွာသူ ကျေးရွာသားများမှ စေတီတော်တွင် တင်လှူ ပူဇော်ခဲ့သည်။ 

ထိန်ချောင်းရွာ အောင်တော်မူ ကိုးန၀င်း စေတီတော်မြတ် ရွှေထီးတော်အား ကျေးရွာသူ ကျေးရွာသားမှ စုပေါင်း လှူဒါန်း ခဲ့ခြင်း ဖြစ်ပြီး ဇေယျာသီရိ ဓမ္မာရုံ ထီးတော်အား တနင်္သာရီရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မိုးအောင်နှင့် ဇနီး ဒေါက်တာ အေးခိုင်ညွန့် ၊ သမီး သုနန္ဒာအောင်၊ အေးမြတ်ပိုအောင်၊ အေးမြတ် သဒ္ဒါ မိသားစုတို့မှ လှူဒါန်းခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments: