Monday, May 5, 2014

(၆၈)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား မြိတ်မြို့၌ ကျင်းပ

(၆၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားအား မြိတ်မြို့ ဘုရားငါးဆူရပ် မြို့မအားကစားကွင်းတွင် မေလ (၅) ရက်နေ့ နံနက် (၇)နာရီ အချိန် ပြုလုပ်ကျင်းပရာ
မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊
လွှတ်တော်ကိုယ်စားလှယ်များ ၊ လူမှုရေး အသင်းအဖွဲ့များ ၊ မီးသတ်တပ်ဖွဲ့ဝင် (၂၅၀) ဦးနှင့်
မြိတ်မြို့ရှိ မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ် စုစုပေါင်း (၁၅) စီး ပါဝင်ခဲ့သည်။ 


အခမ်းအနားတွင် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက မီးသတ်တပ်ဖွဲ့နေ့
သ၀ဏ်လွှာ အား ဖတ်ကြားပြီးနောက် မြိတ်မြို့နယ် အတွင်းရှိ ရပ်ကွက် အလိုက် မီးသတ် တပ်ဖွဲ့များအား ဂုဏ်ပြုဆုနှင့် မှတ်တမ်းလွှာ များအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့်
မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်တို့က ပေးအပ်ချီးမြှင့်သည်။

ထိုနောက် မြိတ်မြို့အတွင်း ဖြစ်ပေါ်ခဲ့သည့် မီးလောင်မှုများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်
ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအား မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦး တို့က ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။

ထိုနောက် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ရေယာဉ်များမှ မီးငြိမ်းသတ်ရေး သရုပ်ပြပြီး
အခမ်းအနား ရုပ်သိမ်းသည်။

0 comments: