Friday, May 9, 2014

မြိတ်မြို့မှ ဘန်ဘောက်မြို့သို့ Union Express Charter Cargo Air Line မှ တိုက်ရိုက် စတင်ပျံသန်း



မြိတ်ဒေသရှိ ပြည်သူများ ခရီးသွားလာမှု လွယ်ကူစေရေးနှင့် ဒေသထွက် ရေထွက် ကုန်ပစ္စည်းများ ကုန်စည် စီးဆင်းမှု မြန်ဆန်ရေး အတွက် Myanmar Union Express Aviation Group နှင့် မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက်တို့ ပူးပေါင်း၍ Union Express Charter Air Line ဖြင့် မြိတ်-ဘန်ကောက် တိုက်ရိုက် ခရီးစဉ်ကို မေလ()ရက်နေ့မှ စတင်၍ ပျံသန်းပြေးဆွဲ လျက်ရှိကြောင်း သိရှိရသည်။

 အဆိုပါ လေကြောင်းလိုင်းတွင် စတင် ပျံသန်းပြေးဆွဲသော E3 8102 လေယာဉ် ခရီးစဉ်မှာ New Gen Airways မှ ဘိုးရင်း 737 လေယာဉ် အမျိုးအစား ဖြစ်ပြီး လေယာဉ်မှူး Mr.Michael Reismann မှ လေယာဉ် ၀န်ထမ်း(၁၃)ဦးဖြင့် ခရီးသွား ဧည့်သည်(၂၁)ဦး လိုက်ပါလာပြီး ဘန်ကောက်မြို့ ဒွန်မောင်း လေဆိပ်မှ မြိတ်လေ ဆိပ်သို့ နေ့လည်(၁၂း၂၀)နာရီက တိုက်ရိုက်ခရီးစဉ် စတင်ပျံသန်း ရောက်ရှိလာရာ မြိတ်လေဆိပ်တွင်Myanmar Union Express Aviation Group နှင့် မြိတ်အများပိုင် ကော်ပိုရေးရှင်း လီမိတက်တို့မှ တာဝန်ရှိသူများမှ ကြိုဆိုခဲ့ ကြသည်။

ထိုနောက် မြိတ်လေဆိပ် ဧည့်ခန်းမဆောင်တွင် PRAMOOK CHAIYAW Chairman of Executive Director New Gen Airways နှင့် လေယာဉ် ၀န်ထမ်းများ၊ ဧည့်သည်တော် များသည် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး လာရောက်တွေ့ဆုံ၍ ၀န်ကြီးချုပ်အား Union Express Charter Air Line စတင် ပျံသန်းခြင်း အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့သည်။

အဆိုပါ လေကြောင်းလိုင်း စတင်ပျံသန်းပြေးဆွဲခြင်းအား တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီး ဒေါက်တာကျော်ဆန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကြည့်ရှု အားပေး ခဲ့ကြသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဒေသန္တရ ဗဟုသုတများ ရရှိနိုင်ရန်၊ အပန်းဖြေနိုင်ရန်၊ ကျန်းမာရေး အတွက် လိုအပ်သော ဆေးစစ် ကုသမှု ခံယူနိုင်ရန် သွားရောက်မည့် ဒေသခံ ပြည်သူ(၄၄)ဦးနှင့် လေယာဉ်တွင် လိုက်ပါလာသော ဧည့်သည် (၁၈)ဦး တို့အား ခရီးစဉ် အတွက် လိုအပ်သော နိုင်ငံကူးလက်မှတ်(Passport) နှင့်
ပြည်ဝင်ခွင့် (Visa) များကို တာဝန်ရှိသူများက စိစစ် ဆောင်ရွက် ပေးခဲ့ကြပြီး လေယာဉ်ဝန်ထမ်း (၁၃)ဦးက မြိတ် လေဆိပ် မှ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်သို့ နေ့လည် (၂း၂၀)နာရီက တိုက်ရိုက်ပျံသန်း ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

မြိတ်မြို့မှ ဘန်ကောက်မြို့သို့ အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာ နေ့တိုင်းတွင် ခရီးသည်(၁၆၅)ဦး လိုက်ပါနိုင်ပြီး ကုန်တန်ချိန် ()တန်ကို ပို့ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ ၄င်းလေကြောင်းလိုင်း တွင် စီးနင်း လိုက်ပါမည့် ခရီးသွား ပြည်သူများ အတွက် လေကြောင်း လိုင်းတာဝန်ရှိသူများမှ နိုင်ငံကူး လက်မှတ် (Passport) နှင့် ပြည်ဝင်ခွင့်(Visa) များပြုလုပ်နိုင်ရေး အတွက် ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။

IPRD MYEIK

0 comments: