Tuesday, May 6, 2014

မြိတ်မြို့ ပေါ် ရှိ ရွှေဆိုင်ကြီးများနှင့် မြို့မ စည်ပင်သာယာရေး ဈေးကြီးကို လုံခြုံရေး အထူးကြပ်မတ် ဆောင်ရွက်ထားရှိ

မန္တလေးနှင့် မိုးကုတ်မြို့ တို့တွင် ရွှေဆိုင်များ လုယက် ခံရမှုဖြစ်ပေါ်ပြီးနောက် ရန်ကုန်၊ပုသိမ်၊ မကွေး၊ မော်လမြိုင်၊ ရမည်းသင်း၊ပျော်ဘွယ်၊ မိတ္ထီလာမြို့ကြီး တို့တွင်လည်း မြို့တွင်းရှိ ရွှေငွေရတနာ ဆိုင်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လုံခြုံရေး ဝန်ထမ်းများ အပြင် CCTV လုံခြုံရေး ကင်မရာများ တပ်ဆင်ကာ ရတနာရွှေဆိုင်များ လုံခြုံရေးကို အထူးကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


ထို့အတူ တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် မြိတ်မြို့တွင်းနှင့် စည်ပင်သာယာရေး ဈေးကြီ(ထားဝယ်စု-တိုက်ဈေး) ပတ်လည်ရှိ ရွှေငွေ ရတနာဆိုင်များနှင့် ဦးမြတ်လေး လမ်းရှိ မြို့သစ်ဈေးကြီး၊ နောက်လယ်ဈေး၊ တပ်ပြင်ဈေး၊ ကန်ဖျား ကုန်စိမ်းဈေးကြီး တို့၏ လုံခြုံရေး အတွက် မြိတ်ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၏ အနီးကပ် ကြီးကြပ်မှုဖြင့် ဈေးများနှင့် ရွှေဆိုင်များတွင် လုံခြုံရေး ဗီဒီယို ကင်မရာများ တပ်ဆင်စေလျက် ဈေးလုံခြုံရေး ဝန်ထမ်းများ၊ ရွှေဆိုင်ပိုင်ရှင်များ၊ ရတနာဆိုင် ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးတွဲပြီး လုံခြုံရေး အထူးကြပ်မတ် ဆောင်ရွက်ပေးသော စနစ်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း ရွှေဆိုင်ပိုင်ရှင် ဦးမဲငယ် (ကြောင်ငယ်)၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ အထူးလုံခြုံရေး ကြပ်မတ် ဆောင်ရွက်ရခြင်းသည် အချို့မြို့ကြီးတို့တွင် မသမာသူများသည် အုပ်စုဖွဲ့ပြီး မြို့တွင်းရှိ ရတနာရွှေဆိုင်များနှင့် တယ်လီဖုန်း၊ ဟန်းဆက် အရောင်းဆိုင်များကို ပစ်မှတ်ထားကာ လုယက်ခိုးယူ တိုက်ခိုက်မှု များကြောင့် မလိုလားအပ်သော အန္တရာယ် ထူးခြားဖြစ်စဉ်များ မဖြစ်ပွား မပေါ်ပေါက်စေရေး အတွက် ဆောင်ရွက်ထားရှိခြင်း ဖြစ်ကြောင်း သိရသည်

မြ၀တီ သတင်းစာ (5-5-2014)

0 comments: