Monday, May 19, 2014

မြိတ်မြို့ ရွှေကျင် သီလရှင် ကျောင်းတိုက်၌ ဓမ္မစကူးလ် သင်တန်း ဖွင့်ပွဲ ကျင်းပ



မြိတ်မြို့တွင် ကျောင်းသား/သူများအား ဗုဒ္ဓဘာသာကို အခြေခံတဲ့ စာရိတ္တမြင့်တင်ရေးနှင့် လိမ္မာယဉ် ကျေးပြီး အနာဂတ်ဘ၀ တိုးတက်မြင့်မားစေရန် အတွက် ရည်ရွယ်၍ ဓမ္မစကူးလ် သင်တန်းဖွင့်ပွဲကို မေလ(၁၈) ရက် ညနေ (၄)နာရီက  မြိတ်မြို့ တပ်ပြင်ရပ်ရှိ ရွှေကျင် သီလရှင် ကျောင်းတိုက်၌ ကျင်းပခဲ့ရာ  ကျင်းပခဲ့ရာ ဆရာတော် သံဃာတော်များ၊ သင်တန်း နည်းပြများ၊ သင်တန်းသား/သူများ၊ အကျိုးဆောင်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။




ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသူများက နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ ၍ ဖွင့်လှစ်ခဲ့ကြသည်။ ထိုနောက် ရတနာဗောဓိကျောင်းတိုက် ဆရာတော် ထံမှ ငါးပါး သီလ ခံယူဆောက်တည် ကြပြီးနောက် မော်တောင် ပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော် မဟာ ဂန္ဓ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တ နာရဒ အရှင်သူမြတ်မှ သြ၀ါဒ စကား မြွက်ကြားခဲ့သည်။ ထိုနောက် ပုလောမြို့နယ် အမှတ်(၂) ရပ်ကွက် လယ်ဝိုင်း ကျောင်းတိုက် ဆရာတော် ဒေါက်တာ ကောဝိဒ အရှင်သူမြတ်မှ ဓမ္မစကူးလ် ဖောင်ဒေးရှင်း ကျောင်းများ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း မိန့်ကြားပြီးနောက် မြိတ်မြို့ မန္တလေး ကျောင်းတိုက် စာချဆရာတော် မှ ကျေးဇူးတင်စကား ပြောကြားသည်။ ထိုနောက် ကန်ကြီးနယ်မြေ ရပ်မိရပ်ဖ ဦးစူးဘော်မှ ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနား ရုပ်သိမ်းလိုက်သည်။

မြိတ်မြို့နယ် အတွင်းတွင် ဓမ္မစကူးလ်သင်တန်း(၁၄) ဌာနဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သတင်း ရရှိသည်။

0 comments: