Sunday, May 11, 2014

(၁၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကာတွန်း၊ ပန်းချီ၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲ မြိတ်မြို့၌ ကျင်းပ

မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ ကြီးမှူး ကျင်းပသော (၁၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကာတွန်း၊ ပန်းချီ၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီ ပြိုင်ပွဲကို မေလ(၁၁)ရက် နံနက်(၉)နာရီက မြိတ်မြို့ အထက(၁) ပညာ့ဗိမာန် ခန်းမ၌ ကျင်းပသည်။


အဆိုပါ ပြိုင်ပွဲကို မူးယစ်ဆေးဝါး တိုက်ဖျက်စို့ ဒို့လူငယ်တွေ စည်းရုံးစို့။ မူးယစ် သားကောင် မဖြစ်စေရေး ဖေးမ ကူညီ ၀ိုင်းဝန်းပေး။ အားကစားမြင့်တင် စိတ်ရွင်လန်း ဆန့်ကျင် မူးယစ်ဆေး။ မူးယစ်စွဲသူ ဖေးမကူ ပြည်သူ များတို့ ၀ိုင်းဝန်းစို့။ ကျန်းမာပြည့်ဝ ဘ၀သုခ မူးယစ်ဆေးဆို ကင်းစင်မှ။ မူးယစ်စွဲသူ ဖေးမကူ ညီတူလမ်းပြ နိုင်ငံအလှ။ ဆိုသည့် ခေါင်းစဉ်များဖြင့် ကာတွန်း ပန်းချီ ပိုစတာ ပြိုင်ပွဲ များတွင် ကျောင်းသား/ သူ အထက်တန်း(၂၈)ဦး၊ အလယ်တန်း(၃၂)ဦး၊ မူလတန်း (၁၄)ဦးနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲတွင် (၁၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအား ပေးခဲ့ကြသည်။

ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ သူများအား ဇွန်လ(၂၆)ရက် (၁၇)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား တွင် ဆုများ ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြိတ်ပြန်ဆက်

0 comments: