Friday, May 2, 2014

ကျွန်းစုမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်း အစည်းအဝေး ကျင်းပ



ကျွန်းစုမြို့နယ်၊ ကျွန်းရတနာ ခန်းမ၌ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်း အစည်းအဝေးကို ၂၀၁၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီ အချိန်ခန့်တွင် ကျင်းပရာ အခမ်းအနားသို့ တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် သစ်တော/ သတ္တု ၀န်ကြီး ဦးတင်စိုး၊ စည်ပင် သာယာရေး ၀န်ကြီး ဦးအောင်ကျော်ကျော်ဦး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ စည်ပင်သာယာရေး ကော်မတီ များ၊ အထောက် အကူပြု ကော်မတီများနှင့် ရပ်/ကျေး အုပ်ချုပ်ရေး မှူးများ တက်ရောက် ခဲ့ကြသည်။

 ရှေးဦးစွာ သစ်တော/ သတ္တုဝန်ကြီး ဦးတင်စိုးက တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကျွန်းစုမြို့နယ် ဖွံ့ဖြိုးရေး အတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ပေးနေမှု အားပြောကြား ခဲ့သည်။ ထို့နောက် တိုင်းဒေသ ကြီး စည်ပင်သာယာရေး ၀န်ကြီး ဦးအောင်ကျော်ကျော်ဦးက ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြု ကော်မတီ များနှင့် ပြည်သူ များမှ ပူးပေါင်းပါဝင် ဆောင်ရွက်ရေး ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးငြိမ်းထွေးက ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကျေးရွာများ အတွင်း ဆောင်ရွက် ထားရှိမှု အခြေအနေများအား Power point များဖြင့် ရှင်းလင်း ပြောကြားရာ ၀န်ကြီးများမှ လိုအပ် သည်များ ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

မြိတ်ပြန်ဆက်

0 comments: