Friday, May 16, 2014

၂၀၁၄ခုနှစ် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်း ကွင်းဆင်း ဆောင်ရွက်ခဲ့သည့် မြိတ်တ္ကသိုလ်မှ ကျောင်းသား/သူ များအား ဂုဏ်ပြုကြိုဆို



၂၀၁၄ခုနှစ် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်း ကွင်းဆင်း ဆောင်ရွက်ခဲ့သည့် မြိတ်တက္က သိုလ် မှ ကျောင်းသား/ သူများသည် မေလ(၁၆)ရက် နံနက်(၁၁း၃၀)နာရီက ကော့သောင်းမြို့ မှ မြိတ်မြို့ သို့ Forture အမြန်ရေယာဉ် 27 ဖြင့် ရောက်ရှိလာကြရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာများ၊ မြိတ်တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ်ဒေါက်တာ စီစီလှဘူးနှင့် ဆရာ/မများ၊ လူမှုရေး အသင်း အဖွဲ့ဝင်များ၊ ပြည် သူများက အိုးစည် ဒိုးပတ် များဖြင့် မြိတ်မြို့ ဆိပ်ငယ် ဗောတံတားတွင် ပန်းကုံး များစွပ်၍ တခမ်းတနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ ကြသည်။ 

 

အဆိုပါ အခြေခံစာတတ်မြောက်ရေး လုပ်အားပေး ကွင်းဆင်း ဆောင်ရွက်မည့် ကျောင်းသား/သူ (၁၀၉) ဦးအား ဓာတုဗေဒဌာန လက်ထောက် ကထိက ဦးထွန်းဦးမှ ဦးဆောင်၍ ကြီးကြပ် ဆရာ/မ (၁၁)ဦး စုစုပေါင်း (၁၂၀)ဦးသည် ကော့သောင်းမြို့နယ် အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၁၀)ရပ်ကွက်၊ ကျေးရွာ (၃၄)ရွာ၊ ကျွန်းရွာ(၄) ရွာတို့တွင် စာသင်ဝိုင်း (၉၅)၀ိုင်း၊ ခမောက်ကြီး မြို့နယ်ခွဲ အတွင်းရှိ ရပ်ကွက်(၂) ရပ်ကွက်၊ ကျေးရွာ(၈)ရွာ တို့တွင် စာသင်ဝိုင်း(၁၄)၀ိုင်းဖြင့် သင်တန်းသား (၁၃၀၀)ဦးခန့်အား အသက်(၁၄) နှစ်မှ (၄၅)နှစ် အတွင်း စာမတတ် သူများကို ဧပြီလ(၁)ရက်နေ့မှ မေလ(၁၅)ရက်နေ့ အထိ အခြေခံ စာတတ်မြောက်ရေး အတွက် သင်တန်းများ ပို့ချ နိုင်ခဲ့ကြသည်။ 

အခြေခံ စာတတ်မြောက်ရေး လုပ်ငန်း ကွင်းဆင်း ဆောင်ရွက်ခဲ့သည့် မြိတ်တက္ကသိုလ်မှ ကျောင်းသား/သူ များမှ ကွင်းဆင်း ဆောင်ရွက်ရာတွင် ကျေးရွာများမှ မိသားစု များပမာ နွေးနွေး ထွေးထွေး ကြိုဆိုခဲ့ ကြကြောင်း၊ အချို့သောကျေးရွာများတွင် တည်းခိုနေထိုင်ရေးနှင့် သင်တန်းသားများ စုဆောင်းရာတွင် အခက်အခဲ အနည်း ငယ်ရှိခဲ့ကြောင်း၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ မတူကြသည့် ကျေးရွာများရှိ ပြည်သူများမှ သင်တန်း ပို့ချသည့် အခါ တက်တက်ကြွကြွ လိုလိုလားလား သင်ကြားခဲ့ ကြကြောင်း၊ ကျေးရွာများရှိ စာမတတ်သူများကို အခြေခံစာတတ်မြောက်ရေး အတွက် သင်ကြား ပေးနိုင်ခဲ့သဖြင့် ၀မ်းသာ ပီတိဖြစ်မိကြောင်း လုပ်အားပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ သည့် ကျောင်းသား တစ်ဦးမှ ပြောကြားခဲ့သည်။

အခြေခံ စာတတ်မြောက်ရေး လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့သည့် မြိတ်တက္ကသိုလ်မှကျောင်းသား/ သူများအား ပညာရေးဌာနမှ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ ကြကြောင်း၊ လုပ်အားပေး ကျောင်းသား/သူများ အနေဖြင့် ကျောင်းပြင်ပ ပညာရေး သင်ကြား ပို့ချပေးရင်း ကျေးရွာများရှိ ပြည်သူများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ဒေသန္တရ ဗဟုသုတ များစွာရရှိ ခဲ့ကြပြီး လုပ်ငန်းခွင် ၀င်ကြသည့် အခါ များစွာ အထောက်အကူ ပြုမှာဖြစ်ကြောင်း၊ သင်တန်း တက်ရောက်ခဲ့ကြသူများအား မေလ(၁၀) ရက်နေ့တွင် ဆန်းစစ်လွှာများ စစ်ဆေး ခဲ့သည့် အောင်မြင်မှု ရလာဒ် ကောင်းများ ရရှိခဲ့သဖြင့် ၀မ်းသာ ပီတိများ ဖြစ်မိကြောင်း အဖွဲ့ခေါင်းဆောင်မှ ပြောကြားခဲ့သည်။

တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကိုမှ အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု တွင် စွမ်းစွမ်းတမံ ပါဝင်ကူညီ လုပ်အားပေး ကြသည့် မြိတ်တက္ကသိုလ်နှင့် ထားဝယ် တက္ကသိုလ် တို့မှ ကြီးကြပ် ဆရာ/မများ၊ တက္ကသိုလ် ကျောင်းသား/ သူများအား မေလ(၁၅)ရက် နံနက်(၉)နာရီက ကော့သောင်းမြို့ မဉ္ဇူ သက ပြည်သူ့ခန်းမတွင် မှတ်တမ်းတင် ဂုဏ်ပြုလွှာနှင့် လက်ဆောင် ပစ္စည်းများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။

မြိတ် ပြန်ဆက်

0 comments: