Sunday, May 25, 2014

တပ်မတော်မှ ပြန်လည် စွန့်လွှတ်သည့် မြေယာများ မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ပွဲ ပုလောမြို့၌ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် မကျည်းကုန်းကျေးရွာအုပ်စု နတ်အိမ်ကမ်းရွာ တွင် ခလရ(၁၇) တပ်ရင်းမှ သိမ်းယူထားသော မြေများအား တောင်သူများထံ ပြန်လည်ပေးအပ်ပွဲ အခမ်းအနား ကို (၂၄-၅-၂၀၁၄)ရက် ညနေ(၃:၀၀)နာရီတွင် ပုလောမြို့ ကမ်းရိုးတန်းရတနာခန်းမတွင် ကျင်းပခဲ့ရာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှစိုး မြိတ်ခရိုင် မြေယာစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်း ခလရ(၁၇) တပ်ရင်းမှ ဗိုလ်ကြီးဇော်ဝင်းသန့် ဌာနဆိုင်ရာ အကြီးအကဲများ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တောင်သူ လယ်သမားများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ခရိုင်အထွေထွေ အုပချုပ်ရေးမှူးမှ အဖွင့်အမှာစကား ပြောကြားပြီး ခလရ(၁၇)မှ ကွင်းအမှတ် (၈၇၅) တွင် သိမ်းဆည်း ထားသော မြေ (၄၉.၅၀)ဧကအား ယာယီ လုပ်ပိုင်ခွင့် ပြန် လည်ပေးအပ်ခဲ့ရာ တောင်သူ လယ်သမား (၉)ဦးမှ ပြန်လည် လက်ခံ ရယူပြီး တောင်သူလယ်သမား ကိုယ်စား ဦးထွန်းရီမှ ကျေးဇူးတင် စကားပြောကြားပြီး အခမ်းအနား သို့ အင်အား(၁၅၀)ခန့်တက်ရောက်၍ (၃:၁၅)နာရီတွင် ပြီးစီးခဲ့ပါသည်။

0 comments: