Monday, May 19, 2014

မြိတ်မြို့ အရိယာဝံသကျောင်းတွင် ဓမ္မစကူးလ်သင်တန်း ဖွင့်လှစ်



မြိတ်မြို့တွင် ကျောင်းသား/သူများအား ဗုဒ္ဓဘာသာကို အခြေခံတဲ့ စာရိတ္တမြင့်တင်ရေးနှင့် လိမ္မာယဉ် ကျေးပြီး အနာဂတ်ဘ၀တိုးတက်မြင့်မားစေရန်အတွက် ရည်ရွယ်၍ အရိယာဝါသ
ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ အာလောက မှ ကြီးမှူးဖွင့်လှစ်သော ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲကို မေလ(၁၈) ရက် နံနက်(၈)နာရီက အရိယာဝါသကျောင်းတိုက်တွင် ကျင်းပခဲ့ရာ ဆရာတော် သံဃာတော်များ၊ သင်တန်း နည်းပြများ၊ သင်တန်းသား/သူများ၊ အကျိုးဆောင်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသူများက နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ ၍ ဖွင့်လှစ်ခဲ့ကြသည်။ ယင်းနောက် မော်တောင်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် မဟာဂဏ္ဍ ၀ါစကပဏ္ဍိတ ဘဒ္ဒန္တ နာရဒ ငါးပါးသီလ ခံယူဆောက် တည်ကြသည်။ ဆက်လက်၍ ဆရာတော်ဘုရားများထံ မှ သြ၀ါဒကထာနာယူခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေျးမှူး ဦးအောင်ကျော်ထွန်းက သာသနာရေးဆိုင်ရာများ လျှောက် ထားသည်။

ယင်းနောက် အလှူရှင်များက ဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အခမ်းအနားရုပ်သိမ်းလိုက်သည်။ အဆိုပါ သင်တန်းကို ကျောင်းသား/သူ (၂၅၀)ဦး တက်ရောက် သင်ကြားလျက်ရှိသည်။ ဓမ္မစကူးလ်သင်တန်းများကို ဘုန်းတော်ကြီးကျောင်း များတွင် ဖွင့်လှစ် လျက်ရှိရာ မြိတ်မြို့နယ် အတွင်းတွင် ဓမ္မစကူးလ်သင်တန်း (၁၄)ဌာန ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

မြိတ် ပြန်ဆက်

0 comments: