Friday, May 16, 2014

မြိတ်မြို့၌ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ



၂၀၁၄ ခုနှစ်၊ မေလ (၁၄) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် မြိတ်မြို့နယ် ရဲတပ်ဖွဲ့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်မြတ်စိုးနှင့် ရဲတပ်ဖွဲ့များ သည် အသိသက်သေ များနှင့် အတူ သတင်းအရ မြိတ်မြို့ မြိတ်တောင် နယ်မြေ မြို့သစ် (၆) ရပ်ကွက်၊ ရွှေယင်းမာလမ်းနေ ဦးအောင်စန်း အသက် (၄၃)နှစ် ၊ (ဘ) ဦးလှမောင် ၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ နေအိမ်တွင်း၌ WY တံဆိပ်ပါ စိတ်ကြွ ဆေးပြား (၂၂၀) ပြားအား ဖမ်းဆီးမိခဲ့သည်။ 
အဆိုပါ အမှုနှင့် ပတ်သက်၍ ဦးအောင်စန်းအား မြိတ်မြို့ မြို့မ ရဲစခန်း၌ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

0 comments: