Tuesday, May 20, 2014

ကျွန်းမှာနေပြီး သာသနာပြုနေသော ဆရာတော် (ဂျလန်း) ဆရာတော်ဘုရား

ဘုန်းတော်ကြီးကျောင်း အတော်များများဟာ လူနေတဲ့ မြို့နဲ့နီးရာမှာ တည်ထား ကိုးကွယ်ကြတာကို အများ အားဖြင့် တွေ့ရတတ် ပါတယ်။ တချို့တလေ ကျတော့လည်း တောင်ပေါ်မှာ တချို့ကလည်း တောကြီး ထဲမှာ စသည်ဖြင့်ပေါ့ သာသနာတော် ပွားများရန် အတွက် သီတင်းသုံးနေကြတဲ့ ဆရာတော်တွေလည်း ရှိပါတယ်။


အခု သာသနာပြုနေတဲ့  ဆရာတော်ကတော့ ပင်လယ်ရေတွေ ၀ိုင်းရံလျှက် ရှိတဲ့ တနင်္သာရီတိုင်း ကော့သောင်းမြို့ အနီးက ဂျလန်းကျွန်းမှာ ကျောင်းကလေး ဆောက်ပြီးတော့ သာသနာပြု နေတဲ့ ဆရာတော် တပါးဖြစ် ပါတယ်။


ဆွမ်းရေး ကွမ်းရေးကိစ္စ ကျန်းမာရေးကိစ္စ ဆိုတာ နေ့နေ့ညည အရေးပေါ်နိုင်တာမို့ အခုလို ကျွန်းမှာ နေပြီး သာသနာပြုတဲ့ ဆရာတော်ဘုရားကို လေးစား ကြည်ညိုစိတ်၊ ကြည်နူးသည့် စိတ်ဖြစ်ပေါ်စေခဲ ပါတယ်။


ဆွမ်းတနပ် ဘုန်းပေးဖို့ အရေး လှိုင်းလေ အမြဲတန်း ပြင်ထန်နေတဲ့ ပင်လယ်ထဲက ကျွန်းလေးတွေမှာ လက်ခတ်လှေလေးနဲ့ ဆွမ်းကိစ္စ ဖြေရှင်း ရတာပါ။ မုန်တိုင်း လာနေတဲ့နေ့ လေပြင်းပြီး လှိုင်းကြီးနေ တဲ့ နေ့ဆို ဆရာတော် အတွက် ဆွမ်းကိစ္စ ဘယ်လောက် ခက်ခဲမယ် ဆိုတာ စဉ်းစားကြည့်ပါ။ အနီး အနားမှာ ဆလုံရွာကလေးတွေပဲ့ ရှိတာပါ၊ ဒီဆလုံရွာ ကလေးတွေက လှုတဲ့ ဆွမ်းခဲဘွယ်ကို ဘုန်းပေးပြီး သာသနာ တည်တံ့ ပြန့်ပွားအောင် ကြိုးစားနေတဲ့ ဆရာတော်ရဲ့  စေတနာကို လေးစား ဂုဏ်ပြုလိုက် ရပါတယ်ဗျာ။


ဆရာတော်ဘုရား ကျန်းမာစွာဖြင့် ဘုရားရှင် သာသာနာတော်ကို ဆထက်တပိုး သာသာနာပြု နိုင်ပါစေ လို့လည်း ဆုတောင်းပေးလိုက်ရ ပါတယ်။

သတင်းဓါတ်ပုံ၊ ဖိုးရွှေသွန်း

0 comments: