Tuesday, May 13, 2014

တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအုပ်စု ဘန်ကြုတ်ဒေသတွင် ဘန်းစာပင်စိုက်ခင်းအား စုပေါင်းဖျက်ဆီးရှင်းလင်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအုပ်စု အရှေ့ သမီးလှ ကျေးရွာ ဘန်ကြုတ်ဒေသရှိ ဘိန်းစာပင်များအား မေလ(၁၂)ရက် နံနက်(၈း၁၀)နာရီက မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်ဦးစီးလျက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊
တနင်္သာရီ တိုင်းဒေသကြီး မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်းဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ခမရ(၅၆၁)မှ တပ်မတော် သားများ၊ ကေအင်ယူငြိမ်းချမ်းရေး အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရွာသူရွာသားများ၊ တိုင်းရင်းသား/သူများ စုပေါင်းဖျက်ဆီး ရှင်းလင်းကြသည်။




အဆိုပါ ဘန်းစာပင်များ စုပေါင်းဖျက်ဆီးရှင်းလင်း ဆောင်ရွက်ရာတွင် ဘိန်းစာပင်များအား အမြစ်ပါ မကျန်ခုတ်ထွင်ရှင်းလင်းခဲ့ကြရာ ပင်စည်လုံးပတ်(၅)လက်မခန့်နှင့် အမြင့်(၁၂)ပေ ခန့်ရှိသော (၁၁၀၀)ပင်၊ ပင်စည် လုံးပတ်(၃)လက်မခန့်နှင့် အမြင့်(၅)ပေခန့်ရှိသော(၄၅၀)ပင် စုစုပေါင်း(၁၅၅၀)ပင် ဘိန်းစာရွက်အစို (၇၇၅) ကီလိုဂရမ် စုစုပေါင်း(၁၉၃၇၅၀၀၀)ကျပ် တန်ဖိုးကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သတင်းရရှိသည်။

0 comments: