Monday, May 12, 2014

ကဆုန် လပြည့်နေ့ (ဗုဒ္ဓနေ့ ) ကျွန်းဘုရင်ပေါ်မှ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ပျားရည် သွန်းလောင်းခြင်း



ဂေါတမ ဘုရားရှင် ဘုရားဖြစ်လ ဆဲဆဲ အချိန်တွင် သူဌေးသမီး သုဇာတာ လှူဒါန်းသော ထူးမြတ်လှသည့် ဃနာ နို့ ဆွှမ်းကို လှူဒါန်းခဲ့သည်မှာ မဟာသက္ကရာဇ် ၁၀၃ခု ကဆုန်လပြည့်နေ့ ပင်ဖြစ်ပါသည် ။ ကဆုန်လပြည့်နေမှာ ထူးထူးခြားခြား ပြုလုပ်တာ က ကတန်ကျွန်းပေါ် ကဆုန်လပြည့်နေ့ ရဲ့ ပျားရည် ဆွမ်းလောင်းလှုပွဲကြီး ဖြစ် ပါသည်။




ယနေ့ ဆိုရင် နှစ်စဉ်လောင်းလှုလာခဲ့သည်မှာ နှစ်ပေါင်း ငါးဆယ်ကျော်ရှိခဲ့ပြီးဖြစ်ပြီး ၅၆ကြိမ်မြှောက် ပျားရည် ဆွမ်းလှူဒါန်းပွဲကြီးပါ၊ ကဆုန်လပြည့်နေ (ဗုဒ္ဓနေ ) ပျားရည် ဆွမ်းလောင်းလှု ပွဲကို ကျွန်းစု မြို့ နယ် ထိန်းချောင်းရွာ ရှိ အောင်တော်မှု သာသနာ့ရိပ်သာတွင် ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့သည် အဲဒီပျားရည် ဆွမ်းလောင်းလှု ပွဲ ဟာ မြန်မာနိုင်ငံတွင် ကျွန်းစု မြို့ နယ် တစ်ခုတည်း ၌သာ ပြုလုပ်ပြီး နှစ်စဉ်ပြုလုပ် လာသည်မှာ ယနေ့ တွင်၅ ၆နှစ်သို ရောက်ရှိလာပြီဖြစ်ပြီး နှစ်စဉ် မြောင်းမြ ပုသိမ် မန္တလေးမြို့ များနှင့် အနယ်နယ် အရပ်ရပ်မှ အလှု ရှင် များ လာရောက်ပြီး လောင်းလှု ကြသည်ဟု မြို့ နယ် ဒေသခံတွေ က ပြောပြပါတယ်။

ပျားရည်ဆိုသည်မှာ ပျားရည်စစ်စစ် သာဖြစ်ပြီး ပျားရည်ဆွမ်းလောင်းလှူပွဲမတိုင်ကပင် ကြိုတင်ပြီး ပျားရည် စုဆောင်းခြင်း ၀ယ်ယူခြင်းများကို ပြုလုပ်ထားရသည်၊ " ပျားရည်ဆွမ်းလောင်းရခြင်းသည် တစ်နှစ်မှ တစ်ကြိမ်သာ လှုဒါန်း ခွင့်ုရခြင်း ဖြစ်ပြီး ပျားရည်လှုဒါန်းတဲ့ အကျိုးကျေးဇူးက ကြီးမားလှ ပါသည်ဟု ဒေသခံတွေက ယုံကြည်ကြပြီး ခန်းနား ကြီးကျယ်စွာ ကျင်းပကြသည် ။ နှစ်စဉ်အနယ်နယ် အရပ်ရပ်မှ သံဃာတော် ၊ရှင်သာမဏေ၊ သီလရှင်၊ သုံးရာနီးပါး ကြွ ရောက်အလှူ ခံပြီး သံဃာတော်တ စ်ပါးလျှင် ပျားရည် စစ်စစ် သုံးပိသာကျော်ခန့် ရရှိသည်။
 
ဒီပင်္ကရာဘုရားရှင် လက်ထက်က သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာ ဘုရားရှင် မြို့ ထဲသို့ ဆွမ်းခံကြွ ရာတွင် ဂေါတမဘုရား အလောင်းတော် ပြင်ဆင်နေသော လမ်းမပြီးသဖြင့် ကိုယ်ကိုဝမ်းလျားမှောက်လျက် တံတားခင်းပေးသည်။ထိုနောက် ဒီကင်္ကရာဘုရှင်က ဗျာဒိတ်ပေးခဲ့သည်။ဖွားမြင်ပွင့်စံ၊ ဗျာဒိတ်ခံ၊ မှတ်ရန်ကဆုန်၊ လပြည့်ကြုံဟု စာဆိုရှိခဲ့သည်။

ကျွန်းစုမြို့ ရဲ့ ညီအစ်ကို လို့ ခေါ်တဲ့မြိတ်မြို့ မှာလည်း ကဆုန်လပြည့်နေ (ဗုဒ္ဓနေ ) ဟာ အခြားမြို့ တွေနဲ့ မတူ ထူးထူးခြားခြားဖြစ် ပြန်တယ် အခြားမြို့ တွေလို့ မဟာဗောဓိညောင်ပင်အား ရေသွန်းလောင်းခြင်းမဟုတ်ပဲ လပြည့်နေ့ မတိုင်ခင် တည်းက ဒီပင်္ကရာ ဗုဒ္ဓရုပ်ပွားတော်မြတ် ကိန်းဝပ် စံပယ်နေ့ သည် မူလနေရာမှ မြေချရာကာ ဒီပင်္ကရာ ရုပ်ပွားတော်မြတ်အား မြို့ သူ မြို့ သားတို့ က အမွှေးနံ့ သာရေ များဖြင့် ရေသွန်း ပူဇော်ပြီး ရုပ်ပွားတော်မြတ်အား မြို့ အနှံ့ လှည့်လည် ပူဇော်ခံ ဒေသစာရီ ကြွချီတော်မှု ခဲ့သည်။

ထိုသို့ ဒေသစာရီ ကြွချီတော်မှုရာတွင် ပွဲတော်များဖြင့် ကြီးကျယ်ခန်းနားလှသည်။ အထူး အခြားဆုံး မှာ နှစ်စဉ်နှစ်တိုင်း ဒီပင်္ကရာ ဗုဒ္ဓရုပ်ပွားတော် အား မြေချသည့်နေ့ သည် မိုးသည်းထန်စွာ ရွာသွန်းလေ့ ရှိသည် ။ ထိုရုပ်ပွားတော်မြတ်သည် အလွန် တန်ခိုးကြီးလှသည် မြို့ ခံများက ယုံကြည်ကြသည် မည်မျှပင် နေပူနေစေကာမှု မြေချပြီးသည်နှင့် တစ်ပြိုင်နက် ရုတ်ချည်း ကောင်းကင်ထက်တွင် မိုးတိမ်အများ အလိပ်လိုက် တက်ပြီး အရှိန်ဟုန် ပြင်းထန်စွာ ရွာသွန်းပါ တော့သည်။

ထိုသို့ ရွာသောခဲ့သော မိုးသည် ရေတွင်း ရေကန် မြစ်ချောင်းအင်းအိုင်များတွင် ရေများပြည့်လျှံလာခဲ့ပြီး အနယ်နယ် အရပ်ရပ်မှ ရေသွန်းလောင်း ပူဇော်လှူဒါန်းသည့် သူများ ရေများကို ကားပေါ် တင်ပြီး ရုပ်ပွားတော်မြတ် ယာယီ ကိန်းဝပ် စံပယ်ရာဖြစ်သည့် ဘုရားငါးဆူ မြို မဘောလုံးကွင်း၏ အ နောက်သို့ လာရောက်ပြီး ဒီပင်္ကရာရုပ်ပွားတော်အား ရေသွန်းလောင်းပူဇော်လှူဒါန်းကြသည် ။ ယနေ့ ဆိုရင် နှစ်စဉ်ပြုလုပ်လာသည်မှာ အကြိမ် ၇၀ တိတိပြည့်မြှောက်ခဲ့ဖြစ်ပါသည်

စာရေးသူ - Januarykapyar

1 comments:

နေလင်းထိုက် said...

သာဓု သာဓု သာဓု ပါဗျာ