Saturday, April 4, 2015

ပြည်သူ့အသံ

မြိတ်မြို့ ကမ်းနားလမ်း သာယာလှပမှု ထိခိုက်စေသော စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း
တားဆီးပေးစေလို

စာတည်းခင်ဗျား

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် ကမ်းနားလမ်း တစ်လျှောက် လူစည်ကားရာ နေရာ များတွင် စည်းကမ်းမဲ့ အမှိုက်မပစ်ရ၊ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် စသည့် ဆိုင်းဘုတ်များ စိုက်ထူ၍ ဆိပ်ကမ်း သာယာ လှပရေး အတွက် အသံပေး ကြေညာထားသော်လည်း အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်နေကြသည်။


 


အဆိုပါ အမှိုက်များကြောင့် ရေထု ညစ်ညမ်းသည့် အပြင် ပင်လယ်ရေ ကျချိန်များတွင် မြို့၏ ဂုဏ် ကျက်သရေ ညှိုးနွမ်းမှု ဖြစ်ပေါ်ခြင်း၊ ပြည်တွင်း ပြည်ပ ကုန်တင် သင်္ဘောကြီးများ ၀င်ထွက် သွားလာရန် အခက်အခဲများ ရှိလာခြင်း၊ ခရီးသည်တင် စက်လှေငယ်များ ပန်ကာဖြင့် အမှိုက်များ ရစ်ပတ်ကာ တိမ်းမှောက် မှုများ ဖြစ်ပွားခြင်း ၊ ပင်လယ်နေ သတ္တ၀ါများ မျိုးသုဉ်း ပျောက်ကွယ်မှုများ ဖြစ်ပေါ် လာနိုင်ခြင်း တို့ကြောင်း သက်ဆိုင်ရာမှ ဆိပ်ကမ်း သာယာ လှပရေး အတွက် ဆောင်ရွက်ပေးပါရန် စာတည်းထံမှ တစ်ဆင့် တင်ပြအပ်ပါသည်။

အမြင်မတော်သူ တစ်ဦး
၃-၄-၂၀၁၅ ရက်နေ့ထုတ် မြ၀တီ သတင်းစာမှ

0 comments: