Monday, April 27, 2015

ရေကြောင်းလူငယ် သင်တန်းနှင့် လေကြောင်း လူငယ်သင်တန်းများ မြိတ်မြို့၌ ဖွင့်လှစ်

ရေကြောင်းလူငယ် သင်တန်းနှင့် လေကြောင်း လူငယ်သင်တန်းများ မြိတ်မြို့၌ ဖွင့်လှစ်
------------------------------------------------------------------------
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ် မောင်မယ်များကို  နိုင်ငံတော်အတွက် ရေကြောင်းပညာနှင့် လေကြောင်းပညာ
ကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ် လူငယ်မောင်မယ်များ ပေါ်ထွန်းလာစေရေး အတွက် ရည်ရွယ်ပြီး အခြေခံ ရေကြောင်းလူငယ် သင်တန်း၊ တန်းမြင့်ရေကြောင်း လူငယ်သင်တန်းနှင့် လေကြောင်း လူငယ် သင်တန်းများ ဖွင့်ပွဲ အခမ်းအနားကို  မြိတ်မြို့ရှိ တိုင်းရန်အောင် ခန်းမ၌ ၂၀၁၅ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ နံနက် (၈)နာရီက ကျင်းပပြုလုပ်ရာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေး တက်ရောက် အမှာစကား ပြောကြားသည်။

ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေး သင်တန်းဖွင့် အမှာစကား ပြောကြားစဉ်


ယခု ဖွင့်လှစ်သည့်ံ ရေကြောင်း လူငယ် သင်တန်း (မြိတ်စခန်း )တွင်   အခြေခံသင်တန်းသား (၃၀)ဦး၊ တန်းမြင့်ရေကြောင်း လူငယ် သင်တန်းတွင် သင်တန်းသား (၂၀)ဦး ၊ ရေကြောင်း လူငယ်သင်တန်း (ကျွန်းစုစခန်း)တွင် အခြေခံသင်တန်းသား (၃၄)ဦး၊ တန်းမြင့်သင်တန်းသား (၁၆)ဦး တက်ရောက်လျက် ရှိပြီး  လေကြောင်း လူငယ်သင်တန်း (မြိတ်စခန်း)၌ အခြေခံ သင်တန်းသား (၅၀) ဦး တက်ရောက်လျက် ရှိသည်။

တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေး သင်တန်းသားများအား ရင်းရင်းနှီးနှီး နုတ်ဆက်စဉ်

ရေကြောင်း ပညာကို စိတ်ပါဝင်စားသော အနာဂတ် မျိုးဆက်သစ်များ မွေးထုတ်နိုင်ရန်၊ နိုင်ငံတော်အတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်သည့် ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရေး လေ့ကျင့်ပေးရန်နှင့် လှေလှော် အားကစားနည်း၊ ရွက်တိုက် အားကစားနည်းများ အတွက် နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများ မွေးထုတ်ပေးရန် ရည်ရွယ်၍ ကျောင်းသား၊ ကျောင်းသူ လူငယ် မောင်မယ်များ အတွက် ရေကြောင်းလူငယ် သင်တန်းကို တပ်မတော်(ရေ)က ကျောက်ဖြူ၊ ပုသိမ်၊ ရန်ကုန်၊ မော်လမြိုင်နှင့် မြိတ်မြို့ ၊ ကျွန်းစုမြို့ များတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

အလားတူ  လေကြောင်းနှင့် အာကာသ သိပ္ပံပညာရပ်များတွင် စိတ်ဝင်စားမှု တိုးပွားလာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သော ပညာရပ်များ ကို တတ်သိ နားလည်စေရန်နှင့် စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှု ကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်မှု အလေ့အကျင့် ရရှိစေရန် ရည်ရွယ်၍ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ် များအတွက် လေကြောင်းလူငယ်သင်တန်းများကို တပ်မတော်(လေ)က ဦးစီး၍ မြစ်ကြီးနား၊ နမ့်စန်၊ တောင်ငူ၊ မြိတ်၊ ပုသိမ်၊ မင်္ဂလာဒုံ၊ မိတ္ထီလာ၊ မကွေးနှင့် ဟုမ္မလင်း မြို့များတွင် ဖွင့်လှစ်သင်ကြား သွားမည် ဖြစ်ကြောင်း သိရှိရသည်။



0 comments: