Tuesday, April 7, 2015

တရားမ၀င် ငါးဗုံးခွဲလှေ တစ်စီးအား တပ်မတော်(ရေ) ကင်းလှည့်ရေယာဉ်မှ ဖမ်းဆီး

တရားမ၀င် ငါးဗုံးခွဲလှေ တစ်စီးအား တပ်မတော်(ရေ) ကင်းလှည့်ရေယာဉ်မှ ဖမ်းဆီး

တနင်္သာရီရေတပ်စခန်း ဌာနချုပ် ကွပ်ကဲမှု အောက်ရှိ ကမ်းတက် ရေယာဉ် (၄၂၅)သည် ကော့သောင်း ခရိုင် ဘုတ်ပြင်းမြို့နယ် လန်းပိကျွန်း အနီးရှိ ရေပြင်တွင် ကင်းလှည့် လုံခြုံရေး ဆောင်ရွက်နေစဉ် ၂၀၁၅ ခုနှစ် ဧပြီလ ၅ ရက်နေ့ ည (၈)နာရီ ကျော် အချိန်ခန့်၌ မသင်္ကာဖွယ်ရာ စက်လှေ တစ်စီးအား တွေ့ရှိသဖြင့် အနီးသို့ ချဉ်းကပ်ပြီး မီးအချက်ပြ ခေါ်ယူရာတွင် လာရောက်ခြင်း မရှိပဲ မောင်းနှင် ထွက်ပြေးသဖြင့် ထပ်ချပ် လိုက်လံဖမ်းဆီးခဲ့ရာ ၄င်းငါးဗုံးခွဲ စက်လှေအား ဂျာတိုက်ကျွန်း အနောက်တောင် ၃ မိုင်ခန့်အကွာ ၌ အမည်မရှိ တရားမ၀င် ငါးမိုင်းခွဲလှေ (အလျား ၅၀ ပေ ၄ လက်မ ၊ အနံ ၇ ပေ ၆ လက်မ ၊ ရေစူး ၃ ပေခန့်) သစ်သား ကိုယ်ထည်လှေနှင့် စက်မကြီး HENO EH - 700 ၆ လုံးထိုး ၊ မြင်းကောင်ရေ ၁၈၀ ) တစ်စီးအား မြန်မာလှေသား အမျိုးသား (၈) ဦးနှင့် အတူ ဖမ်းဆီး ရမိခဲ့သည်။


ဖမ်းဆီးလှေပေါ်ပါ လှေသားများ၏ ဖော်ထုတ်ချက်အရ လှေပိုင်ရှင်မှာ ကော့သောင်းမြို့ အေးရိပ်ငြိမ် ရပ်ကွက်နေ ကိုအဲ ဆိုသူ ဖြစ်ပြီး ငါးမိုင်းခွဲရန် အသုံးပြုသော ယမ်းနှင့် ဆက်စပ် ပစ္စည်းများအား ရနောင်းမြို့နေ ထိုင်းနိုင်ငံသား ဖီးချဲဆိုသူထံမှ ၀ယ်ယူပြီးနောက် လန်းပိကျွန်း အနီးရှိ ဂျာတိုက်ကျွန်း တောင်ဘက်တွင် ငါးမိုင်း (၁)ကြိမ် ခွဲပြီးနောက် ထပ်မံ ငါးမိုင်းခွဲ ဖမ်းဆီးရန် ပြင်ဆင်နေစဉ် တပ်မတော်(ရေ)တပ် ကင်းလှည့် စစ်ရေယာဉ်နှင့် တွေ့ဆုံ ဖမ်းဆီး ရမိကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိ ငါးဗုံးခွဲလှေအား မြိတ်မြို့ ငါးလုပ်ငန်း ဦးစီးဌာသို့ လွဲပြောင်းထားပြီး မြိတ်မြို့ မြို့မ ရဲစခန်းတွင် အမှု ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက် ရှိသည်။



0 comments: