Monday, April 27, 2015

တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုတွင် ဟိုတယ် တည်ဆောက်ရန် ကုမ္ပဏီ ၁၃ ခု အဆိုပြုလွှာတင်

 တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုတွင် ဟိုတယ်တည်ဆောက်ရန်ကုမ္ပဏီ ၁၃ ခု အဆိုပြုလွှာတင်
---------------------------------
((( ယဉ်ယဉ်လှ Monday, 27 April 2015 ပြည်ထောင်စုနေ့စဉ် သတင်းစာမှ )))

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြိတ်ကျွန်းစုတွင် အပန်း ဖြေ ဟိုတယ်တည်ဆောက်ရန် ကုမ္ပဏီ ၁၃ ခုက အဆိုပြုလွှာတင် ထားပြီးဖြစ်ကြောင်း ကော့သောင်း အခြေစိုက်ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှသိရသည်။

မြိတ်ကျွန်းစုအတွင်းရှိ ကမ်းခြေတစ်ခု

အဆိုပြုလွှာ တင်ထားသည့် ကျွန်းများမှာ ခရင်းခွကျွန်းတွင် ဟိုတယ်သုံးလုံး၊ စမတ်ကျွန်းခေါ် ပါပန့်ကျွန်းတွင် ဟိုတယ်တစ်လုံး၊ ငခင်ညိုကြီးကျွန်းတွင် ဟိုတယ် တစ်လုံး၊ ကျွန်းဖီလာ၊ ငါးမန်းကျွန်း တွင် ဟိုတယ်တစ်လုံး၊ ငထွေရူး ကျွန်းတွင် ဟိုတယ်တစ်လုံး၊ ငလုံး လက်ဖယ်ကျွန်းတွင် ဟိုတယ် တစ်လုံး၊ ဗိုလ်နက်ကျော်ကျွန်းတွင် ဟိုတယ်တစ်လုံး၊ လှိုဏ်ဂူကျွန်း၊ စေတန်ကျွန်း၊ သံကျွန်း ကျွန်းနှင့် ဒိုမယ်ကျွန်းတို့တွင် ဟိုတယ် တည်ဆောက်ရန် တင်ပြထားပြီး ဖြစ်ကြောင်း သိရသည်။

''အခုလက်ရှိမှာတော့ MIC က ခွင့်ပြုပြီးတဲ့ ဟိုတယ် သုံးခု ရှိပါတယ်။ ကျွန်တော်တို့ တိုင်း ဒေသကြီး အစိုးရအဖွဲ့နဲ့ BOT စာချုပ်ချုပ်ဆိုဖို့ စီစဉ်နေပါပြီ''ဟု တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ခွင့်ပြုပြီးသော ကျွန်း များမှာ ငလုံးလက်ဖယ်ကျွန်း၊ 115 Island နှင့် ခရင်းခွကျွန်းတို့ဖြစ် သည်။ ယခုနှစ်တွင် မြိတ်ကျွန်းစု တွင် ဟိုတယ်တည်ဆောက်ရန် လျှောက်ထားသူများပြားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှတာဝန် ရှိသူကပြောသည်။ တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ဖို့အတွက် တိုင်းဒေသ ကြီး အစိုးရအဖွဲ့အနေဖြင့် ခွင့်ပြု သွားမည်ဖြစ်ပြီး ဒေသခံ များ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖွံ့ဖြိုး တိုးတက်စေရန် အတွက်ဆောင် ရွက်နေကြောင်း သိရသည်။

ကျွန်းများတွင် ဟိုတယ် တည် ဆောက်ရန် တင်ပြထားသူ အများစုမှာ မြန်မာနိုင်ငံသား များဖြစ်ပြီး မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား (J.V) ပူးပေါင်းဆောင်ရွက် သွားမည့် ဟိုတယ် များလည်း ပါဝင်သည်။

''အခုလို ကျွန်းတွေပေါ်မှာ ဟိုတယ် တည်ဆောက်လာတာက တော့ ကောင်းပါတယ်။ ဟိုတယ် တည်ဆောက် လို့တော့ ကျွန်းတွေ မပျက်စီးပါဘူး။ အထူးသဖြင့် ဟိုတယ်ဆောက်လုပ်တဲ့ လုပ်ငန်းရှင်တွေက ဒီကျွန်းရဲ့ အလှအပတွေ ကြောင့်သာ ဟိုတယ်တည်ဆောက် တာဖြစ်တာပါ။ ဒါကြောင့် ဒီအလှ အပတွေကို ဖျက်ဆီးမှာ မဟုတ်ပါ ဘူး။ ဒါ့ပြင် ကျွန်းတွေမှာ လူရှိ ခြင်းကြောင့် ကျွန်းပတ်လည်မှာ ငါး မိုင်းခွဲခြင်းတွေလဲရှိမှာမဟုတ် ပါဘူး''ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက သူ၏အမြင် ကိုပြောသည်။

လက်ရှိတွင်ကော့သောင်းခရိုင် အတွင်း၌Andaman Club Hotel ၊ Victoria Entertainment၊ Myanmar Adaman Resort ၊ Kawthaung Hotel ၊ Honey Bear Hotel နှင့် Penguin Hotel တို့က လုပ်ငန်းလည်ပတ် လျက်ရှိသည်။

0 comments: