Friday, April 10, 2015

မူးယစ်ဆေး အာနိသင် ရှိသော ဆေးဝါး နှင့် ကာမ စိတ်ကြွဆေးများ ရောင်းချမှု မရှိစေရေး တနင်္သာရီမြို့နယ်၌ ပူးပေါင်း စစ်ဆေး

သင်္ကြန် အကြို အတွင်း ပြည်သူများ မူးယစ်ဆေးဝါး၊ ကာမစိတ်ကြွ ဆေးပြား၊ အသားအရေ ကို ပျက်စီး စေနိုင်သည့် ဓါတုဆေး ပါဝင်သော အလှကုန် ပစ္စည်းများ၊ မှတ်ပုံတင် မထားသော ဆေးဝါးများနှင့် အခြား ဘေးဖြစ်စေတတ်သော ဆေးဝါးများ ရောင်းချ/ သုံးစွဲမှု မရှိစေရေးတွက် လိုက်လံ စစ်မှုဆေးကို တနင်္သာရီမြို့၌  ၂၀၁၅ခုနှစ်၊ ဧပြီလ(၁၀) ရက်နေ့ နံနက် (၁၀)နာရီ အချိန်မှ နေ့လည် (၁)နာရီ အချိန်ထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 


အဆိုပါ စစ်ဆေးမှုကို တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီ မြို့မ ရဲစခန်းမှူး ရဲအုပ်မောင်မောင်၊ မြို့နယ် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာဇော်အောင်၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဝင်များ၊ စည်ပင် သာယာရေး ကော်မတီဝင်များ၊ ချောင်းကြီး/ ချောင်းငယ် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့က တနင်္သာရီမြို့၊ ချောင်းကြီး/ ချောင်းငယ်ရပ်ကွက် အတွင်းရှိ ဆေးဆိုင်/ ဈေးဆိုင်/ ကွမ်းယာဆိုင်နှင့် အလှကုန် ပစ္စည်းဆိုင်များတွင် ပြုလုပ်ခဲ့ပြီး ကြောင်း သတင်းရရှိသည်။

0 comments: