Wednesday, April 22, 2015

အမြန်ရေယာဉ်ပေါ်မှ ပြုတ်ကျ၍ လူသေဆုံး

အမြန်ရေယာဉ်ပေါ်မှ ပြုတ်ကျ၍ လူသေဆုံး

၂၀၁၅ ခုနှစ် မတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန်ခန့်တွင် မြိတ်မြို့မှ တနင်္သာရီမြို့သို့ ပြေးဆွဲသော ဒို့တောရွာ  အမြန်ရေယာဉ်၌ ခရီးသည် အဖြစ် လိုက်ပါလာသူ တစ်ဦး သည် အမြန်ရေယာဉ်ပေါ်မှ ပြုတ်ကျ၍ သေဆုံးသွားကြောင်း သိရသည်။

ထိုခရီးသည်မှာ မြိတ်မြို့ တလိုင်းစုရပ်နေ ဦးစောဂျဲလီ အသက် (၅၂)နှစ်၊ (အဘ) ဦးဖိုးခင် ဖြစ်ပြီး မြိတ်မှ တနင်္သာရီမြို့သို့ ဒို့တောရွာ အမြန်ရေယာဉ်ဖြင့် သွားရောက်စဉ် တနင်္သာရီမြို့နယ် အနောက်သရဖုံ ဆိပ်ကမ်း အမြန်ရေယာဉ် ဆိုက်ကပ်ရာ၌ ရေထဲ ပြုတ်ကျ သေဆုံး သွားခဲ့ကြောင်း သိရသည်။

0 comments: