Tuesday, April 21, 2015

မြိတ် - ကျွန်းစု အမြန်ရေယာဉ် ပြေးဆွဲချိန် ထပ်မံ တိုးမြှင့် ၊ ရေယာဉ် စီးနင်းခ ယခင် နှုန်းထား အတိုင်းသာ ကောက်ခံမည်

မြိတ် - ကျွန်းစု အမြန်ရေယာဉ် ပြေးဆွဲချိန် ထပ်မံ တိုးမြှင့် ၊ ရေယာဉ် စီးနင်းခ ယခင် နှုန်းထား အတိုင်းသာ ကောက်ခံမည်
 ---------------------------------

မြိတ်မြို့မှ ရေမိုင် ၁၄ မိုင်ခန့် ကွာဝေးသည့် ကျွန်းစုမြို့သို့ ပြေးဆွဲနေသော အမြန်ရေယာဉ်များ သည် တစ်နေ့ နှစ်ကြိမ် ၊ နံနက် (၈) နာရီ တစ်ကြိမ်၊ ညနေ (၂)နာရီ တစ်ကြိမ် ပုံမှန် ပြေးဆွဲ ပုံမှန် နေရာမှ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ မှ စပြီး နေလည် (၁၂)နာရီတွင် တစ်ကြိမ် ထပ်တိုး ပြေးဆွဲမည် ဖြစ်ရာ စုစုပေါင်း တစ်နေ့ (၃)ကြိမ် ပြေးဆွဲသွားမည် သိရှိရသည်။



`` ပုံမှန်ကတော့ တစ်နေ့ နှစ်ကြိမ် ၊ အသွားအပြန် နှစ်ခေါက် ပြေးဆွဲနေတာပါ။ အခုက ခရီးသည်တွေက များလာတဲ့နောက် သတ်မှတ်လူဦးရေထက် ကျော်လွန်းပီးတော့ အမြန်ရေယာဉ် အမိုးပေါ်မှာ ထိုင်စီးတာတွေ၊ ပစ္စည်းတင်တာတွေ များလာတဲ့ အတွက် ခရီးသည်တွေ လုံခြုံစွာ စီးနင်းနိုင်ရေး ရည်ရွယ်ပီး တစ်ကြိမ် တိုးမြှင့် ပြေးဆွဲပေးတာပါ `` ဟု ကြံတိုင်းအောင် အမြန်ရေယာဉ် ပိုင်ရှင် ဦးဇော်ထွန်းက ပြောသည်။

ထိုသို့ ထပ်မံပြေးဆွဲရာတွင် စတင် ပြေးဆွဲသည့်နေ့၌ ရေယာဉ် စီးနင်းခကို ကျပ် ၂၀၀၀ိ/ အထိ တိုးမြှင့်လိုက်သော်လည်း ခရီးသည်များ၏ သဘော ဆန္ဒအရ ထပ်မံ တိုးမြှင့် ကောက်ခံခြင်း မပြုတော့ပဲ ပုံမှန် စီးနင်းခ ဖြစ်သည့် ကျပ် ၁၀၀၀ိ/ နှုန်းကိုသာ ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

ဒီလို နေ့လည် (၁၂) နာရီမှာ တစ်ကြိမ် ထပ်တိုး ပြေးဆွဲတဲ့အတွက် ကျွန်တော်တို့ အမြန်ရေယာဉ် ပိုင်ရှင်တွေ အားလုံး တိုင်ပင်ပြီး ကျပ်နှစ်ထောင် တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ခရီးသွား ပြည်သူတွေ သဘောမကျတဲ့ အတွက် ပြည်သူ တွေရဲ့ ဆန္ဒ အတိုင်း အခု လက်ရှိမှာတော့ ယခင် ဈေးနှုန်း အတိုင်း ကျပ်တစ်ထောင်နှုန်းပဲ ကောက်ခံ ပြီး စမ်းသပ် ပြေးဆွဲ သွားမှာပါ။ အခု တိုးမြှင့်ပြေးဆွဲတဲ့ အချိန်က ခရီးသည် လိုက်ပါမှု နည်းပါးတဲ့ အကြိမ်ပါ။ အဲဒီ အကြိမ် ပြေးဆွဲတဲ့ အတွက် အမြန်ရေယာဉ်တွေမှာ အရှုံးပေါ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ရေယာဉ် စီးနင်းခ တိုးမြှင့် တဲ့ကိစ္စကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက ရေယာဉ် စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီနဲ့ ခရီးသွား ပြည်သူတွေရဲ့ သဘောဆန္ဒ ခံယူပြီး ရေယာဉ် စီးနင်းခ တိုးမြှင့်သွားဖို့ ရှိပါတယ်`` ဟု ကြံတိုင်းအောင် အမြန်ရေယာဉ် ပိုင်ရှင် ကိုဇော်ထွန်းက ဆိုသည်။

မြိတ်မြို့မှ ကျွန်းစုမြို့သို့ ပြေးဆွဲနေသော အမြန်ရေယာဉ်များမှာ ဂန္ဓမာ၊ ရွှေပင်ကွင်း၊ ကြံတိုင်းအောင် (၃)စင်း ရှိပြီး နေ့စဉ် အလှည့်ကျ မြိတ်မြို့မှ တစ်နေ့ (၂)ကြိမ် အသွားအပြန် (၂)ခေါက် ပြေးဆွဲ နေရာမှ ခရီးသည် အရေအတွက်နှင့် သတ်မှတ် လူဦးရေ ကိုက်ညီခြင်း မရှိပဲ များပြားလာသည့် အတွက် နေ့လည် (၁၂) နာရီ တစ်ကြိမ် ထပ်မံ တိုးမြှင့် ပြေးဆွဲခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။


0 comments: