Tuesday, April 28, 2015

ရေကြောင်း လူငယ်သင်တန်း (ကျွန်းစု) စခန်း ဖွင့်လှစ်

ရေကြောင်း လူငယ်သင်တန်း (ကျွန်းစု)စခန်း ဖွင့်လှစ်

တနင်္သာရီရေတပ် စခန်းဌာနချုပ်မှ ကြီးမှူး ဖွင့်လှစ်သော အခြေခံ ရေကြောင်း လူငယ် သင်တန်း (၁/၂၀၀၅)နှင့် တန်းမြင့် ရေကြောင်း လူငယ် သင်တန်း (၁/၂၀၀၅ ) (ကျွန်းစုစခန်း) ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ် ဧပြီလ (၂၇) ရက်နေ့ နေ့လည် (၁)နာရီ အချိန်၌ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ် ခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မိုးအောင်က သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပြီးနောက်  ယခင်နှစ် အခြေခံ သင်တန်း တက်ရောက်ပြီး၍ တန်းမြင့်သင်တန်းသို့ ဆက်လက် တက်ရောက်ခွင့် ရရှိသူ သင်တန်းသား တစ်ဦးမှ ယခင်နှစ် သင်တန်း အတွေ့အကြုံများနှင့် လေ့လာရေး ခရီးစဉ်များအား ရှင်းလင်း တင်ပြသည်။

ရေကြောင်းလူငယ် သင်တန်း (ကျွန်းစုစခန်း)၌ အခြေခံ သင်တန်းသား / သူ (၃၄) ဦး၊ တန်းမြင့် သင်တန်းတွင် သင်တန်းသား(၁၆) ဦး တက်ရောက် သင်ကြားလျက် ရှိပြီး  အခြေခံ စစ်ရေးပြ ၊ ရေကူး၊ ရေတပ်သား ဘာသာရပ်၊ ရေကြောင်းလမ်းညွှန်၊ အချက်ပြ ဆက်သွယ်ရေး၊ အခြေခံ လှေလှော် ရွက်တိုက် စသည့် ဘာသာရပ်များအား ရက်သတ္တ (၄)ပတ် ဖွင့်လှစ် ပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။



0 comments: