Saturday, April 25, 2015

မိုးသက်လေပြင်းတိုက်၌ နေအိမ်များ ပျက်စီး

မိုးသက်လေပြင်းတိုက်၌ နေအိမ်များ ပျက်စီး

ဧပြီလ ၂၄ ရက်နေ့ နေ့လည် ၁ နာရီခွဲ အချိန်မှ ညနေ (၄)နာရီ ခန့် ထိ မိုးသက်လေပြင်းများ တိုက်ခတ်သောကြောင့် မြိတ်မြို့နယ် တညက်ကျေးရွာအုပ်စု သမင်တောင်ရွာ၌ နေအိမ် (၁၉)လုံး ခန့်မှာ ပြိုကျ ပျက်စီးခဲ့ပြီး လူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

အလားတူ ကျွန်းစုမြို့နယ် ကဘင်ကျေးရွာ အုပ်စု ခိုတောင် ကျေးရွာ၌ ဧပြီလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ခန့် အချိန်တွင် မိုးရွာသွန်းပြီး လေပြင်းများ တိုက်ခတ်မှုကြောင့် ပင်လယ် ကမ်းစပ်တွင် ဆောက်လုပ် ထားသော နေအိမ် (၃)လုံးနှင့် ဂိုဒေါင် (၂)လုံး ပြိုကျ ပျက်စီးသွားကြောင်း သိရှိရသည်။

ပြိုကျ ပျက်စီး သွားသော နေအိမ် များမှ မိသားစု ၀င်များသည် နီးစပ်ရာ ဆွေမျိုးများ နေအိမ် တွင် ပြောင်းရွေ့နေထိုင်လျက် ရှိကြောင်း သတင်းရရှိသည်။

0 comments: