Monday, April 6, 2015

သင်္ကြန်ကာလ အတွင်း မှုခင်းများ မဖြစ်ပွားရေး ယာဉ်အန္တရာယ် ကင်းရှင်းရေး ပညာပေး ဟောပြောပွဲ ပြုလုပ်



တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ ကန်ဖျားရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ အမှတ်(၇၆) ယာဉ်ထိန်း တပ်ဖွဲ့စုမှူးရုံး(မြိတ်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး နေဝင်း၊ မြိတ်မြို့မ ရဲစခန်းမှူး ဒုရဲမှူး နေလင်း၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးတပ်ဖွဲ့စိတ်(မြိတ်)မှ ရဲအုပ် အောင်ကျော်မြင့် တို့ပါဝင်သော အဖွဲ့သည် ၁၃၇၆ ခုနှစ်၊ မဟာသင်္ကြန် အကြိုကာလ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ မှုခင်းကျဆင်းရေး ပညာပေး ဟောပြောပွဲကို ၃.၄.၂၀၁၅ ရက်နေ့ ည (၇)နာရီခွဲမှ (၉)နာရီ အချိန် အထိ ဆောင်ရွက်ခဲ့ရာ ကန်ဖျားရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများ၊ စုစုပေါင်း(၄၅)ဦးခန့်တက်ရောက်ခဲ့သည်။


 ဟောပြောပွဲတွင် ဒုရဲမှူးနေလင်းမှ သင်္ကြန် အကြိုကာလ အတွင်း မှုခင်းများ ဖြစ်ပွားမှု မရှိစေရေး အတွက် ပညာပေး ဟောပြောပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်းနှင့် အမှုကြီးများ ဖြစ်ပွားမှု မရှိစေရေး ကြိုတင် ကာကွယ်မှုများ အရှိန်မြှင့် ဖမ်းဆီးဆောင်ရွက် ရာတွင် ပြည်သူ များနှင့် ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက် သွားစေ လိုကြောင်း၊ မဟာသင်္ကြန် ကာလအတွင်း မှုခင်းဖြစ်ပွားမှု မရှိစေရေး ယခုဟောပြောပွဲ မှရရှိသည့် မှုခင်းဆိုင်ရာ အသိပညာများအား မိသားစုဝင်များနှင့် နီးစပ်ရာ မိတ်ဆွေများအား ပြန်လည်မျှဝေပေးရန် လိုအပ်ကြောင်း ပြောကြားကာ မူးယစ်ဆေးဝါး ဥပဒေနှင့် ပတ်သက်၍ ပြစ်မှု ပြစ်ဒဏ်များအား ရှင်းလင်း ပြောကြားခဲ့    ပါသည်။။ 

ထို့နောက် ဒုရဲမှူး နေဝင်းမှ ယာဉ်/ လမ်းစည်းကမ်း ဆိုင်ရာများ၊ ယာဉ်တိုက်မှု အန္တရာယ် မဖြစ်ပွားစေရေး ယာဉ်/ လမ်းစည်းကမ်း ဆောင်ရန်/ရှောင်ရန် များနှင့် ဆိုင်ကယ် စီးနင်းမောင်းနှင်သူများ လိုက်နာရန် အချက် များအား ရှင်းလင်း ပြောကြားခြင်း၊ ယာဉ်တိုက်မှု များ၏ သေဆုံး/ ဒဏ်ရာရ နှစ် အလိုက် နှိုင်းယှဉ်ဆွေးနွေးပြီး လူတိုင်း အသိစိတ် ရှိရှိဖြင့် စည်းကမ်း လိုက်နာကျင့်သုံးမှ ယာဉ်တိုက် မှုများ လျော့နည်း ကျဆင်းမည်ဖြစ်ကြောင်း၊ ယာဉ်/ လမ်း စည်းကမ်းနှင့် ပတ်သက်၍ မိမိသိသလို မိမိ၏ မိသားစုနှင့် မိတ်ဆွေများ ကိုပါ သိရှိစေရန် မျှဝေပေးစေ လိုကြောင်း ပြောကြားခဲ့ပါသည်။၊

 ဆက်လက်၍ ရဲအုပ် အောင်ကျော်မြင့်မှ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ၏ လုပ်ငန်း တာဝန်များ ရှင်းလင်းခြင်း၊ လူကုန်ကူးမှု/ လူမှောင်ခိုမှုများနှင့် ပတ်သက်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များ သိရှိလိုက်နာ ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက် ပြစ်မှုပြစ်ဒဏ်များ နှင့်တကွ ရှင်းလင်းကာ လူကုန်ကူးမှု ပပျောက်ရေး အတွက် အမျိုးသားရေး တာဝန် တစ်ရပ် အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက် သွားကြရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။

0 comments: